ျမန္မာ ပိုက္ေက်ာ္ျခင္း အမ်ိဳးသမီး လက္ေရြးစင္အသင္း ေငြတံဆိပ္ဆု ဆြတ္ခူး

ျမန္မာ ပိုက္ေက်ာ္ျခင္း အမ်ိဳးသမီး လက္ေရြးစင္အသင္းအေနျဖင့္အမ်ိဳးသမီး ကြင္းသြင္းျခင္းခတ္ကစားနည္း (Women Hoop Event)မွ ေငြတံဆိပ္ဆု တစ္ခုကို ဆြတ္ခူးေပးနိုင္ခဲ့ေၾကာင္း စက္တင္ဘာ (၂)ရက္ေန႔တြင္ ျမန္မာနိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္က အသိေပးထုတ္ျပန္သည္။
ျမန္မာအမ်ိဳးသမီးအသင္းအ‌ေနျဖင့္ ရမွတ္ (၇၀၀) ျဖင့္ ေငြတံဆိပ္ဆုကိုရရွိခဲ့ျခင္းျဖစ္ကာ၊ ယေန႔စက္တင္ဘာ (၂)ရက္တြင္ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ က်င္းပေနသည့္ (၃၇)ႀကိမ္ေျမာက္ Thai King’s Cup ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲအတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကျခင္းျဖစ္သည္။
ယေန႔ ၿပိဳင္ပြဲတြင္ အမ်ိဳးသား ၿပိဳင္ပြဲဝင္ (၁၂) ေယာက္ႏွင့္ အမ်ိဳးသမီး ၿပိဳင္ပြဲဝင္ (၁၂) ေယာက္အသင္းတို႔အေနျဖင့္ ဂ်ပန္ႏွင့္ ထိုင္းအသင္းတို႔ျဖင့္ ေတြ႕ဆုံယွဥ္ၿပိဳင္ေနၾကျခင္းျဖစ္သည္။
ျမန္မာနိုင္ငံ ပိုက္ေက်ာ္ျခင္း လက္ေရြးစင္ ကစားသမားမ်ားသည္ ၿပိဳင္ပြဲအား စက္တင္ ဘာလ (၁) ရက္ေန႔မွ (၈) ရက္ေန႔ထိ ယွဥ္ၿပိဳင္ကစားသြားၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပုံ- ျမန္မာနိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္


မြန်မာ ပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်း ငွေတံဆိပ်ဆု ဆွတ်ခူး
=====================
မြန်မာ ပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့်အမျိုးသမီး ကွင်းသွင်းခြင်းခတ်ကစားနည်း (Women Hoop Event)မှ ငွေတံဆိပ်ဆု တစ်ခုကို ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ (၂)ရက်နေ့တွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထုတ်ပြန်သည်။
မြန်မာအမျိုးသမီးအသင်းအ‌နေဖြင့် ရမှတ် (၇၀၀) ဖြင့် ငွေတံဆိပ်ဆုကိုရရှိခဲ့ခြင်းဖြစ်ကာ၊ ယနေ့စက်တင်ဘာ (၂)ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် (၃၇)ကြိမ်မြောက် Thai King’s Cup ပိုက်ကျော်ခြင်း ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။
ယနေ့ ပြိုင်ပွဲတွင် အမျိုးသား ပြိုင်ပွဲဝင် (၁၂) ယောက်နှင့် အမျိုးသမီး ပြိုင်ပွဲဝင် (၁၂) ယောက်အသင်းတို့အနေဖြင့် ဂျပန်နှင့် ထိုင်းအသင်းတို့ဖြင့် တွေ့ဆုံယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမားများသည် ပြိုင်ပွဲအား စက်တင် ဘာလ (၁) ရက်နေ့မှ (၈) ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်