ေမာ္စကိုၿမိဳ႕မွာက်င္းပတဲ့ International Municipal BRICS Forum 2024 ကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ဦးခင္ရီ တက္ေရာက္ခဲ့

ပါတီဥကၠ႒ဟာ အဖြဲ႕ဝင္(၂)ဦးႏွင့္အတူ ၂၀၂၄ ဩဂုတ္(၂၆) မွ (၂၈)ေန႔ထိ ေမာ္စကိုၿမိဳ႕မွာက်င္းပတဲ့ International Municipal BRICS Forum 2024 ကို တက္ေရာက္ခဲ့ပါတယ္။ BRICS ေခါင္းစဥ္ေအာက္က အစည္းအေဝးမ်ားစြာထဲကတစ္ခုျဖစ္ပါတယ္။
ဒီအစည္းအေဝးကို ႐ုရွားဖက္ဒေရးရွင္းနိုင္ငံသမၼတ႐ုံးနဲ႔ State Duma လႊတ္ေတာ္အပါအဝင္ အဖြဲ႕စုံက ကမကထ လုပ္ၿပီး (၁၂၆) နိုင္ငံက လူ (၅၀၀၀) ေက်ာ္ တက္ေရာက္ပါတယ္။ Online က ေဆြးေႏြးသူက (၅) ေသာင္းေက်ာ္တဲ့အျပင္ ႐ုရွားနိုင္ငံ ေဒသ (၈၉) ခု ကကိုယ္စားလွယ္မ်ားလည္း သီးျခားတက္ေရာက္ၾကလို႔ ႀကီးမားတဲ့ အစည္းအေဝးတစ္ခုလို႔ဆိုရမွာပါ။
ပထမေန႔ စုံညီအစည္းအေဝးမွာ ဥပေဒျပဳက႑ရဲ့ အေရးပါမႈနဲ႔ ၿမိဳ႕ႀကီးမ်ားဖြံ့ၿဖိဳးတိုးတက္မႈကို နိုင္ငံေရးရႈေထာင့္ကေန ခ်ဥ္းကပ္ေလ့လာျခင္း စာတမ္းကို ေဆြးေႏြးဖို႔ပါ။ ေလေၾကာင္းလိုင္း ေႏွာင့္ေႏွးမႈေၾကာင့္ အခ်ိန္မမွီဘဲမေဆြးေႏြးခဲ့ရပါ။
ေနာက္ေန႔မွာ ျမန္မာနိုင္ငံအတြက္ Russia – Myanmar Partnership of Opportunities ေခါင္းစဥ္နဲ႔ သီးျခားအစားထိုးအစီအစဥ္ျပဳလုပ္ေပးပါတယ္။ေက်းဇူးတင္ရမွာပါ။
မိမိက Main Speaker အျဖစ္ ေဆာင္ရြက္ရလို႔နိုင္ငံေတာ္ရဲ့ပကတိအေျခအေနမွန္ေတြကို ရွင္းျပခြင့္ရခဲ့ပါတယ္။ အထူးပဲစိတ္ဝင္စားၾကပါတယ္။ ပညာရွင္(၄)ဦး၊ ျမန္မာစကား ေျပာတတ္တဲ့ ျမန္မာနိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီးေဟာင္း၊ ျမန္မာရိုးရာဝတ္စုံနဲ႔ ႐ုရွားအမ်ိဳးသမီးမ်ား၊ပညာရွင္မ်ား၊ ေက်ာင္းသားမ်ား၊ က႑အသီးသီးက ပညာရွင္မ်ား၊ ကုမၸဏီႀကီးမ်ားတက္ေရာက္ၾကပါတယ္။ ၾကည္ႏႈးစရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုလို႔ဆိုရမွာပါ။
ေနာက္ေန႔မွာ Shanghai Cooperation က ပြဲကို ဧည့္သည္အျဖစ္တက္ေရာက္ခဲ့ရပါတယ္။ ေနာက္တစ္ရက္မွာ State Duma လႊတ္ေတာ္မွာ တာဝန္ရွိအမတ္မ်ားနဲ႔ အခ်ိန္ အေတာ္ၾကာေဆြးေႏြးခဲ့ပါတယ္။
အဲဒီေနာက္ TASS သတင္းဌာနက တာဝန္ခံနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး Interview တစ္ခုလည္းျပဳလုပ္ခဲ့ပါေသးတယ္။ TASS သတင္းဌာနဟာ နိုင္ငံ (၇၀) ေက်ာ္မွာ သတင္းေထာက္ (၁၀၀) ေက်ာ္ခန႔္ထားတဲ့အျပင္ (၂၅) နိုင္ငံ နဲ႔ MOU ထိုးထားၿပီး ဘာသာ (၆) မ်ိဳးနဲ႔ ကမၻာတစ္ဝွမ္း ထုတ္လႊင့္ေနတဲ့ သတင္းဌာနတစ္ခုပါ။
အခ်ဳပ္ေျပာရရင္ ျမန္မာနိုင္ငံကို အေလးထားတဲ့ နိုင္ငံျပင္ပကလူပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး သိေစလိုတဲ့၊သတင္းစကားမွန္မ်ား ပါးခြင့္ရခဲ့လို႔ေက်နပ္ဖြယ္ေကာင္းတဲ့ ခရီးစဥ္တစ္ခုလို႔ဆိုရမွာ ျဖစ္ေၾကာင္းပါခင္ဗ်ာ။
“ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္ႀကီး အဓြန႔္ရွည္တည္တံ့ခိုင္ျမဲပါေစ”
စာၿပီးခ်ိန္
၂၀၂၄ စက္ ၀၂ ၁၉၄၀ နာရီ
ဦးခင္ရီ၊ ဥကၠ႒
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ


မော်စကိုမြို့မှာကျင်းပတဲ့ International Municipal BRICS Forum 2024 ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ တက်ရောက်ခဲ့
=====================

ပါတီဥက္ကဋ္ဌဟာ အဖွဲ့ဝင်(၂)ဦးနှင့်အတူ ၂၀၂၄ ဩဂုတ်(၂၆) မှ (၂၈)နေ့ထိ မော်စကိုမြို့မှာကျင်းပတဲ့ International Municipal BRICS Forum 2024 ကို တက်ရောက်ခဲ့ပါတယ်။ BRICS ခေါင်းစဉ်အောက်က အစည်းအဝေးများစွာထဲကတစ်ခုဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံးနဲ့ State Duma လွှတ်တော်အပါအဝင် အဖွဲ့စုံက ကမကထ လုပ်ပြီး (၁၂၆) နိုင်ငံက လူ (၅၀၀၀) ကျော် တက်ရောက်ပါတယ်။ Online က ဆွေးနွေးသူက (၅) သောင်းကျော်တဲ့အပြင် ရုရှားနိုင်ငံ ဒေသ (၈၉) ခု ကကိုယ်စားလှယ်များလည်း သီးခြားတက်ရောက်ကြလို့ ကြီးမားတဲ့ အစည်းအဝေးတစ်ခုလို့ဆိုရမှာပါ။
ပထမနေ့ စုံညီအစည်းအဝေးမှာ ဥပဒေပြုကဏ္ဍရဲ့ အရေးပါမှုနဲ့ မြို့ကြီးများဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံရေးရှုထောင့်ကနေ ချဉ်းကပ်လေ့လာခြင်း စာတမ်းကို ဆွေးနွေးဖို့ပါ။ လေကြောင်းလိုင်း နှောင့်နှေးမှုကြောင့် အချိန်မမှီဘဲမဆွေးနွေးခဲ့ရပါ။
နောက်နေ့မှာ မြန်မာနိုင်ငံအတွက် Russia – Myanmar Partnership of Opportunities ခေါင်းစဉ်နဲ့ သီးခြားအစားထိုးအစီအစဉ်ပြုလုပ်ပေးပါတယ်။ကျေးဇူးတင်ရမှာပါ။
မိမိက Main Speaker အဖြစ် ဆောင်ရွက်ရလို့နိုင်ငံတော်ရဲ့ပကတိအခြေအနေမှန်တွေကို ရှင်းပြခွင့်ရခဲ့ပါတယ်။ အထူးပဲစိတ်ဝင်စားကြပါတယ်။ ပညာရှင်(၄)ဦး၊ မြန်မာစကား ပြောတတ်တဲ့ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးဟောင်း၊ မြန်မာရိုးရာဝတ်စုံနဲ့ ရုရှားအမျိုးသမီးများ၊ပညာရှင်များ၊ ကျောင်းသားများ၊ ကဏ္ဍအသီးသီးက ပညာရှင်များ၊ ကုမ္ပဏီကြီးများတက်ရောက်ကြပါတယ်။ ကြည်နှုးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုလို့ဆိုရမှာပါ။
နောက်နေ့မှာ Shanghai Cooperation က ပွဲကို ဧည့်သည်အဖြစ်တက်ရောက်ခဲ့ရပါတယ်။ နောက်တစ်ရက်မှာ State Duma လွှတ်တော်မှာ တာဝန်ရှိအမတ်များနဲ့ အချိန် အတော်ကြာဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် TASS သတင်းဌာနက တာဝန်ခံနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး Interview တစ်ခုလည်းပြုလုပ်ခဲ့ပါသေးတယ်။ TASS သတင်းဌာနဟာ နိုင်ငံ (၇၀) ကျော်မှာ သတင်းထောက် (၁၀၀) ကျော်ခန့်ထားတဲ့အပြင် (၂၅) နိုင်ငံ နဲ့ MOU ထိုးထားပြီး ဘာသာ (၆) မျိုးနဲ့ ကမ္ဘာတစ်ဝှမ်း ထုတ်လွှင့်နေတဲ့ သတင်းဌာနတစ်ခုပါ။
အချုပ်ပြောရရင် မြန်မာနိုင်ငံကို အလေးထားတဲ့ နိုင်ငံပြင်ပကလူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သိစေလိုတဲ့၊သတင်းစကားမှန်များ ပါးခွင့်ရခဲ့လို့ကျေနပ်ဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခုလို့ဆိုရမှာ ဖြစ်ကြောင်းပါခင်ဗျာ။
“ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ”
စာပြီးချိန်
၂၀၂၄ စက် ၀၂ ၁၉၄၀ နာရီ
ဦးခင်ရီ၊ ဥက္ကဋ္ဌ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ