
မကွေး ဩဂုတ် ၃၀


ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ လုပ်ငန်းလမ်းညွှန်ချက်များအား ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးမကွေးတိုင်းဒေကြီးတိုင်း၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများအား ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှာကြား
=================================
မကွေး ဩဂုတ် ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး၊တိုင်းပါတီရုံးခန်းမ၌တိုင်း၊ခရိုင်၊မြို့နယ် ပါတီဥက္ကဋ္ဌများနှင့်တွေဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ ဌာနချုပ်လမ်းညွှန်ချက်များအားထပ်ဆင့်ရှင်းလင်းပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီမှလုပ်ငန်းလမ်းညွှန်ချက်များအားထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးနှင့်တိုးတက်အောင်ပြုလုပ်ဆောင်ရွက်ရေး၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်များအားအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ရပ်ကျေးကဏ္ဍမြှင့်တင်ရေးတို့အား ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍တိုင်းပါတီဥက္ကဌမှမြေပြင်တွင်ပါတီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ရှေ့လုပ်ငန်းစဥ်များအားရှင်းလင်းဆွေးနွေးခဲ့ပြီးခရိုင်နှင့်မြို့နယ်
ဥက္ကဋ္ဌများမှ နယ်မြေဒေသအလိုက်ပါတီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားအသီးသီးတင်ပြခဲ့ကြရာဗဟိုအတွင်းရေးမှူးမှတင်ပြချက်အပေါ်
သုံးသပ်ခြင်း၊ပြန်လည်ဆွေးနွေးခြင်း၊ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများပြုလုပ်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။