ခလုတ္ လုံးဝ မပါတဲ့ စမတ္ဖုန္းကို လာမယ့္ႏွစ္မွာ ေရာင္းခ်မယ့္ Xiaomi

စမတ္ဖုန္း ကုမၸဏီေတြဟာ ဒီဇိုင္း ဆန္းသစ္လွပတဲ့ ဖုန္းေတြကို အၿပိဳင္အဆိုင္ ဖန္တီးေနၾကပါတယ္။ Home Button နဲ႔ Navigation Button ေတြကို ေဖ်ာက္ၿပီး Full Screen ဖုန္းေတြ ထုတ္လုပ္လာၾကပါတယ္။ အခုေတာ့ အသံနဲ႔ ပါဝါခလုတ္ေတြကိုပါ ေဖ်ာက္ၾကေတာ့မွာပါ။
Xiaomi က ခလုတ္ လုံးဝ မပါတဲ့ စမတ္ဖုန္း ၁ လုံးကို ဖန္တီးေနၿပီး ေနာက္ႏွစ္ ပထမႏွစ္ဝက္မွာ ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။ ခလုတ္ လုံးဝ မပါတဲ့အတြက္ ဒီဇိုင္းဆန္းသစ္ လွပမွာ ေသခ်ာပါတယ္။ ခလုတ္ေတြ အစား ဘယ္လို Feature ေတြ အသုံးျပဳထားမလဲ ဆိုတာ မသိရေသးပါဘူး။ ခလုတ္ေတြ မပါတဲ့အတြက္ ဖိအား အာ႐ုံခံနိုင္တဲ့ Edges ၊ Gesture Controls နဲ႔ Voice Command ေတြကို အသုံးျပဳထားနိုင္ပါတယ္။
အဲဒီဖုန္းမွာ ဆဲလ္ဖီး ကင္မရာကို Display ေအာက္မွာ ျမႇပ္ႏွံထားမယ့္အတြက္ Full Screen ဒီဇိုင္း ေတာ္ေတာ္လွမွာပါ။ Qualcomm ရဲ့ စြမ္းရည္ျမင့္ Snapdragon 8+ Gen 4 SoC ေမာင္းႏွင္ထားမယ္လို႔ သိရပါတယ္။
အဲဒီဖုန္းရဲ့ လၽွို႔ဝွက္အမည္က Zhuque ျဖစ္ၿပီး ေနာက္ႏွစ္ အေစာပိုင္းမွာ မ်က္ဝါးထင္ထင္ျမင္ရေတာ့မွာ ျဖစ္ပါတယ္။
Ref : gsmarena


ခလုတ် လုံးဝ မပါတဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းချမယ့် Xiaomi
========================================
စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဒီဇိုင်း ဆန်းသစ်လှပတဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ Home Button နဲ့ Navigation Button တွေကို ဖျောက်ပြီး Full Screen ဖုန်းတွေ ထုတ်လုပ်လာကြပါတယ်။ အခုတော့ အသံနဲ့ ပါဝါခလုတ်တွေကိုပါ ဖျောက်ကြတော့မှာပါ။
Xiaomi က ခလုတ် လုံးဝ မပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပြီး နောက်နှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ခလုတ် လုံးဝ မပါတဲ့အတွက် ဒီဇိုင်းဆန်းသစ် လှပမှာ သေချာပါတယ်။ ခလုတ်တွေ အစား ဘယ်လို Feature တွေ အသုံးပြုထားမလဲ ဆိုတာ မသိရသေးပါဘူး။ ခလုတ်တွေ မပါတဲ့အတွက် ဖိအား အာရုံခံနိုင်တဲ့ Edges ၊ Gesture Controls နဲ့ Voice Command တွေကို အသုံးပြုထားနိုင်ပါတယ်။
အဲဒီဖုန်းမှာ ဆဲလ်ဖီး ကင်မရာကို Display အောက်မှာ မြှပ်နှံထားမယ့်အတွက် Full Screen ဒီဇိုင်း တော်တော်လှမှာပါ။ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8+ Gen 4 SoC မောင်းနှင်ထားမယ်လို့ သိရပါတယ်။
အဲဒီဖုန်းရဲ့ လျှို့ဝှက်အမည်က Zhuque ဖြစ်ပြီး နောက်နှစ် အစောပိုင်းမှာ မျက်ဝါးထင်ထင်မြင်ရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena