
ဩဂုတ် ၂၉၊ နေပြည်တော်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor, Mr. Wang Daopan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
===============
ဩဂုတ် ၂၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor, Mr. Wang Daopan နှင့်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ၁၁၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်ပါတီဆက်ဆံရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး တို့တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor, Mr. Wang Daopan နှင့်အတူ အဖွဲ့ဝင် (၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။