


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ
==========
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၀၉၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ NGO အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ၊ ဆွမ်းလောင်းအသင်းအဖွဲ့များ၊ နာရေးကူညီမှုအသင်းအဖွဲ့ များမှ ညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး‌တွေ့ဆုံခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။