ျပည္ခိုင္ၿဖိဳးပါတီ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံခရိုင္အတြင္းရွိပါီတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ

မဂၤလာဒုံ ဩဂုတ္ ၂၈
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ တြဲဘက္အေထြေထြအတြင္းေရးမႈးဦးတင္ေအာင္ခ်စ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးခင္ေမာင္စိုးတို႔သည္ ၾသဂုတ္လ ၂၈ ရက္ေန႔ ေန႔လည္ပိုင္းက မဂၤလာဒုံခရိုင္ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမ၌ ရန္ကုန္တိုင္းေဒသႀကီး၊မဂၤလာဒုံခရိုင္ အတြင္းရွိခရိုင္ / ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့သည္။
ေတြ႕ဆုံပြဲတြင္ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္မွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ပါတီဗဟိုမွေဆာင္ရြက္စီမံေနေသာ ပါတီ၏လုပ္ငန္းကိစၥရပ္မ်ား ၊ ပါတီ၏ေရးရာက႑မ်ားအလိုက္ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားအား အက်ယ္တဝင့္ ခ်ျပရွင္းလင္းခဲ့ပါသည္။
၎ေနာက္ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးခင္ေမာင္စိုးမွ ပါတီ၏လုပ္ငန္း စီမံခ်က္မ်ား၊ ေရးရာက႑အလိုက္စည္း႐ုံးေနမႈ ၊ ပါတီလုပ္ငန္းအဆင့္ဆင့္အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားႏွင့္စပ္လ်ဥ္း သတ္မွတ္ကာလအတြင္းလုပ္ငန္းမ်ား ရာႏႈန္းျပည့္ၿပီးစီးေစေရးတို႔ကို ရွင္းလင္း တိုက္တြန္းေဆြးေႏြးခဲ့ပါသည္။
အစီစဥ္အရ တက္ေရာက္လာၾကေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားမွ မိမိတို႔တာဝန္ယူထားရေသာ နယ္ေျမ/ ေဒသမ်ားအလိုက္ ပါတီ၏ ပကတိေျမျပင္အေျခအေနမ်ား ၊ ပါတီ၏လုပ္ငန္းညြန္ၾကားခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားအား အသီးသီးတင္ျပခဲ့ၾကၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီတာဝန္ရွိသူမ်ားက ျပန္လည္ေဆြးေႏြးျခင္း ၊ အႀကံျပဳျခင္း ၊ သုံးသပ္ျခင္းမ်ားႏွင့္လိုအပ္သည္မ်ားကိုေပါင္းစပ္ညႇိႏွိုင္းေပးခဲ့ေၾကာင္းသတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်အတွင်းရှိပါီတီတာဝန်ရှိသူများနှင့် တွေ့ဆုံ
============================
မင်္ဂလာဒုံ ဩဂုတ် ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှုးဦးတင်အောင်ချစ်နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးတို့သည် သြဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက မင်္ဂလာဒုံခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင် အတွင်းရှိခရိုင် / မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပါတီဗဟိုမှဆောင်ရွက်စီမံနေသော ပါတီ၏လုပ်ငန်းကိစ္စရပ်များ ၊ ပါတီ၏ရေးရာကဏ္ဍများအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား အကျယ်တဝင့် ချပြရှင်းလင်းခဲ့ပါသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးမှ ပါတီ၏လုပ်ငန်း စီမံချက်များ၊ ရေးရာကဏ္ဍအလိုက်စည်းရုံးနေမှု ၊ ပါတီလုပ်ငန်းအဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးစေရေးတို့ကို ရှင်းလင်း တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
အစီစဥ်အရ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများမှ မိမိတို့တာဝန်ယူထားရသော နယ်မြေ/ ဒေသများအလိုက် ပါတီ၏ ပကတိမြေပြင်အခြေအနေများ ၊ ပါတီ၏လုပ်ငန်းညွန်ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား အသီးသီးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပါတီတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်း ၊ အကြံပြုခြင်း ၊ သုံးသပ်ခြင်းများနှင့်လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။