စက္တင္ဘာလမွစ၍ နိုင္ငံကူးလက္မွတ္စာအုပ္ဖိုး တိုးျမႇင့္ေကာက္ခံမည္

လာမည့္ စက္တင္ဘာလမွစ၍ နိုင္ငံကူးလက္မွတ္ျပဳလုပ္ရာတြင္ စာအုပ္ေၾကးကို တိုးျမႇင့္ေကာက္ခံမည္ျဖစ္ၾကာင္း ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ အသိေပးေၾကညာထားသည္။
ျပည္တြင္း၌ သာမန္ ျမန္မာနိုင္ငံကူးလက္မွတ္ ေလၽွာက္ထားလာမႈႏွင့္ ပတ္သက္၍ စက္တင္ဘာ (၁) ရက္မွစ၍ စာအုပ္ဖိုးေငြ (၃၅၀၀၀) က်ပ္မွ (၄၀၀၀၀) က်ပ္သို႔ ေျပာင္းလဲသတ္မွတ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။
ထို႔ျပင္ Online Booking ရယူရာတြင္ အခ်ိန္အကန႔္အသတ္မရွိဘဲ အလြယ္တကူ ေလၽွာက္ထားနိုင္ၿပီး ကုန္က်စရိတ္ကို သတ္မွတ္ႏႈန္းထားအတိုင္း တပါတည္း ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။
Online Booking ေလၽွာက္ထားရန္ အခက္အခဲရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ၿမိဳ႕မရဲစခန္းမ်ားတြင္ အကူအညီ ေတာင္းခံ၍ ေလၽွာက္ထားနိုင္ေၾကာင္း လ.ဝ.က ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မည္သူမဆို လြယ္ကူစြာ ေလၽွာက္ထားနိုင္ရန္ စီစဥ္ထားရွိၿပီး ၾကားခံပြဲစားမ်ားျဖင့္ အခေၾကးေငြ ေပးေဆာင္၍ ေလၽွာက္ထားျခင္းမ်ား မျပဳရန္လည္း အသိေပးႏွိုးေဆာ္ထားသည္။


စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး တိုးမြှင့်ကောက်ခံမည်
*****************

လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြာင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးကြေညာထားသည်။
ပြည်တွင်း၌ သာမန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလာမှုနှင့် ပတ်သက်၍ စက်တင်ဘာ (၁) ရက်မှစ၍ စာအုပ်ဖိုးငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီ တောင်းခံ၍ လျှောက်ထားနိုင်ကြောင်း လ.ဝ.က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန်လည်း အသိပေးနှိုးဆော်ထားသည်။