



ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးဟာရီကိန်း ဥရောပရွှေဖိနပ်ဆု ရရှိ
======================

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်း (၃၁ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ကရရှိခဲ့သည့် ဥရောပရွှေဖိနပ်ဆု (ESM) အား လက်ခံရယူခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပွဲစဥ် (၃၂) ပွဲကစားခဲ့ရာတွင် (၃၆)ဂိုးအထိသွင်းယူကာ ရမှတ် (၇၂)မှတ် ဖြင့် ဥရောပရွှေဖိနပ်ဆုအား ကစားသမားဘ၀ ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပြီး ကီဗင်ဖီးလစ် (၁၉၉၉-၀၀)နောက် အင်္ဂလန်ကစားသမားများထဲတွင် ဒုတိယအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။