အေသခံဒ႐ုန္းမ်ား မိုမိုထုပ္လုပ္ရန္ ကင္ဂ်ဳံအန္ ညႊန္ၾကား

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ျပည္တြင္းလုပ္ အေသခံ ဒ႐ုန္း စမ္းသပ္မႈတစ္ခုကို ကိုယ္တိုင္ ၾကည့္ရႈစစ္ေဆးခဲ့တယ္လို႔ ေျမာက္ကိုရီးယား အစိုးရပိုင္မီဒီယာျဖစ္တဲ့(KCNA)က တနလၤာေန႔မွာ သတင္းထုတ္ျပန္ ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ကင္ဟာ ေျမာက္ကိုရီးယား ကာကြယ္ေရးသိပၸံ အကယ္ဒမီေက်ာင္းကို သြားေရာက္ခဲ့ ၿပီး ဒ႐ုန္းေတြရဲ့ ပစ္မွတ္ေတြကို တိက်စြာ ေခ်မႈန္းနိုင္တဲ့ စြမ္းရည္ျပသမႈကို ေလ့လာၾကည့္ရႈခဲ့ပါတယ္။
အဲဒီလို ၾကည့္ရႈစစ္ေဆးမႈၿပီးတဲ့ေနာက္မွာ ကင္က နည္းဗ်ဴဟာေျမာက္ ေျခလ်င္တပ္ေတြနဲ႔ အထူးစစ္ဆင္ေရး တပ္ဖြဲ႕ေတြ မွာ အသုံးျပဳဖို႔ အေသခံ ဒ႐ုန္းေတြကို အမ်ားအျပား ထုတ္လုပ္ဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္း သြားခဲ့ပါတယ္။
နိုင္ငံ့စစ္တပ္ကို အဲဒီလက္နက္ေတြ ေစာနိုင္သမၽွ ခပ္ေစာေစာ တပ္ဆင္ေပးနိုင္ဖို႔ ဒ႐ုန္းေတြရဲ့ လက္ေတြ႕ တိုက္ပြဲ ဝင္နိုင္စြမ္းကိုလည္း စမ္းသပ္မႈေတြ ပိုလုပ္ဖို႔ တိုက္တြန္းသြားတယ္လို႔ (KCNA)သတင္းမွာ ေဖာ္ျပထားပါတယ္။ ေျမာက္ကိုရီးယားဟာ တာေဝးပစ္ တိုက္ခ်င္းပစ္ ဒုံးက်ည္နဲ႔ န်ဴလက္နက္အစီအစဥ္ေတြမွာ တစ္ဆင့္ေရွ႕တိုး တက္လွမ္းမႈေတြ လုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ တာတိုပစ္ဒုံးက်ည္ေတြနဲ႔ အေျမာက္လက္နက္ႀကီးေတြ ပါဝင္တဲ့ နည္းဗ်ဴဟာေျမာက္ စစ္ဆင္နိုင္မႈစြမ္းရည္ကို အားျဖည့္ျမႇင့္တင္မႈေတြ ဆက္တိုက္လုပ္ေဆာင္လာေနပါတယ္။


အသေခံဒရုန်းများ မိုမိုထုပ်လုပ်ရန် ကင်ဂျုံအန် ညွှန်ကြား
—————————
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြည်တွင်းလုပ် အသေခံ ဒရုန်း စမ်းသပ်မှုတစ်ခုကို ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာဖြစ်တဲ့(KCNA)က တနင်္လာနေ့မှာ သတင်းထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကင်ဟာ မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကျောင်းကို သွားရောက်ခဲ့ ပြီး ဒရုန်းတွေရဲ့ ပစ်မှတ်တွေကို တိကျစွာ ချေမှုန်းနိုင်တဲ့ စွမ်းရည်ပြသမှုကို လေ့လာကြည့်ရှုခဲ့ပါတယ်။
အဲဒီလို ကြည့်ရှုစစ်ဆေးမှုပြီးတဲ့နောက်မှာ ကင်က နည်းဗျူဟာမြောက် ခြေလျင်တပ်တွေနဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေ မှာ အသုံးပြုဖို့ အသေခံ ဒရုန်းတွေကို အများအပြား ထုတ်လုပ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်း သွားခဲ့ပါတယ်။
နိုင်ငံ့စစ်တပ်ကို အဲဒီလက်နက်တွေ စောနိုင်သမျှ ခပ်စောစော တပ်ဆင်ပေးနိုင်ဖို့ ဒရုန်းတွေရဲ့ လက်တွေ့ တိုက်ပွဲ ဝင်နိုင်စွမ်းကိုလည်း စမ်းသပ်မှုတွေ ပိုလုပ်ဖို့ တိုက်တွန်းသွားတယ်လို့ (KCNA)သတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည်နဲ့ နျူလက်နက်အစီအစဉ်တွေမှာ တစ်ဆင့်ရှေ့တိုး တက်လှမ်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်းမှာ တာတိုပစ်ဒုံးကျည်တွေနဲ့ အမြောက်လက်နက်ကြီးတွေ ပါဝင်တဲ့ နည်းဗျူဟာမြောက် စစ်ဆင်နိုင်မှုစွမ်းရည်ကို အားဖြည့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။