မၾကာမီက စတင္ခဲ့သည့္ စီေရာ္နယ္လ္ဒို၏ YouTube Channel သစ္ YouTube သမိုင္းတြင္ Subscriber စံခ်ိန္သစ္မ်ား ဆက္တိုက္တင္ရွိ

ေပၚတူဂီလက္ေရြးစင္အသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုသည္ ကိုယ္ပိုင္ YouTube Channel ကို ၾသဂုတ္ (၂၁)ရက္တြင္ စတင္မိတ္ဆက္ခဲ့ၿပီးေနာက္ YouTube သမိုင္းတြင္ Subscriber စံခ်ိန္မ်ား ဆက္တိုက္တင္ရွိေနေၾကာင္း သိရသည္။

စီေရာ္နယ္လ္ဒို၏ Channel တြင္ ၾသဂုတ္လ(၂၇)ရက္အထိ Subscriber အေရအတြက္ (၄၄.၉)သန္းေက်ာ္ ရွိလာခဲ့သည္။

အသက္(၃၉)ႏွစ္ရွိၿပီျဖစ္သည့္ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုက ၎၏ တရားဝင္ YouTube Channel ျဖစ္သည့္ UR Cristiano ကို ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း ၾသဂုတ္(၂၁) ရက္ ျမန္မာစံေတာ္ခ်ိန္ ည (၇)နာရီ (၄၈)မိနစ္အခ်ိန္တြင္ မိတ္ဆက္ေၾကညာခဲ့သည္။

စီေရာ္နယ္လ္ဒို၏ Channel သည္ တရားဝင္ေၾကညာအၿပီး မိနစ္(၉၀)မျပည့္မီမွာပင္ Subscriber တစ္သန္း ျပည့္ခဲ့ၿပီး YouTube တြင္ အျမန္ဆုံး Subscriber တစ္သန္းျပည့္သည့္ Channel ျဖစ္လာခဲ့သည္။

ယင္းေနာက္တြင္ နာရီအနည္းငယ္အတြင္း စံခ်ိန္တင္အျဖစ္ Subscriber (၁၀)သန္း ျပည့္ေျမာက္ခဲ့ၿပီး ႏွစ္ရက္အတြင္းတြင္ Subscriber သန္း(၃၀)ေက်ာ္သြားခဲ့ျခင္းျဖစ္သည္။

Subscriber တစ္သန္းျပည့္ေျမာက္မႈ အထိမ္းအမွတ္အျဖစ္ ေပးအပ္သည့္ Gold Creator Award ကို စီေရာ္နယ္လ္ဒိုက သူ၏ကေလးမ်ားအား ျပသေနသည့္ ”The golden button… for my golden kids” ဟု အမည္ေပးထားေသာ ဗီဒီယိုမွာ ၾကည့္ရႈမႈအမ်ားဆုံးအျဖစ္ (၃၉)သန္းေက်ာ္အထိ ရရွိထားသည္။

သို႔ျဖစ္ရာ စီေရာ္နယ္လ္ဒိုအေနျဖင့္ YouTube တြင္ Subscriber အမ်ားဆုံးစံခ်ိန္တင္ထားသည့္ အေမရိကန္ YouTuber ျဖစ္သူ MrBeast ကိုပင္ စိန္ေခၚနိုင္မည့္ အလားအလာရွိေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။

Mr Beast မွာ Subscriber အေရအတြက္ (၃၁၂)သန္းျဖင့္ စံခ်ိန္တင္ထားျခင္းျဖစ္ၿပီး TikTok တြင္ Follower (၁၀၃) သန္းျဖင့္ တတိယအမ်ားဆုံး၊ Instagram တြင္ Follower သန္း (၆၀)ႏွင့္ X (ယခင္ Twitter) တြင္ Follower (၃၀.၉)သန္း ပိုင္ဆိုင္ထားသည္။

စီေရာ္နယ္လ္ဒိုမွာလည္း Instagram တြင္ Follower (၆၃၆)သန္းႏွင့္ Facebook တြင္ Follower သန္း (၁၇၀)အထိရွိၿပီး ကမၻာတစ္ဝန္း Follower အမ်ားဆုံး လူပုဂၢိဳလ္အျဖစ္ ရပ္တည္လ်က္ရွိသည္။

ထို႔ျပင္ ၎သည္ X တြင္ Follower (၁၁၂.၅) သန္းျဖင့္ X ပိုင္ရွင္ျဖစ္သူ အီလြန္မက္စ္ (၁၉၅ သန္း) ႏွင့္ အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမား (၁၃၁ .၇ သန္း) တို႔ၿပီးလၽွင္ တတိယအမ်ားဆုံးအျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။


မကြာမီက စတင်ခဲ့သည့် စီရော်နယ်လ်ဒို၏ YouTube Channel သစ် YouTube သမိုင်းတွင် Subscriber စံချိန်သစ်များ ဆက်တိုက်တင်ရှိ

=====================

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကိုယ်ပိုင် YouTube Channel ကို သြဂုတ် (၂၁)ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် YouTube သမိုင်းတွင် Subscriber စံချိန်များ ဆက်တိုက်တင်ရှိနေကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ Channel တွင် သြဂုတ်လ(၂၇)ရက်အထိ Subscriber အရေအတွက် (၄၄.၉)သန်းကျော် ရှိလာခဲ့သည်။

အသက်(၃၉)နှစ်ရှိပြီဖြစ်သည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ၎င်း၏ တရားဝင် YouTube Channel ဖြစ်သည့် UR Cristiano ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သြဂုတ်(၂၁) ရက် မြန်မာစံတော်ချိန် ည (၇)နာရီ (၄၈)မိနစ်အချိန်တွင် မိတ်ဆက်ကြေညာခဲ့သည်။

စီရော်နယ်လ်ဒို၏ Channel သည် တရားဝင်ကြေညာအပြီး မိနစ်(၉၀)မပြည့်မီမှာပင် Subscriber တစ်သန်း ပြည့်ခဲ့ပြီး YouTube တွင် အမြန်ဆုံး Subscriber တစ်သန်းပြည့်သည့် Channel ဖြစ်လာခဲ့သည်။

ယင်းနောက်တွင် နာရီအနည်းငယ်အတွင်း စံချိန်တင်အဖြစ် Subscriber (၁၀)သန်း ပြည့်မြောက်ခဲ့ပြီး နှစ်ရက်အတွင်းတွင် Subscriber သန်း(၃၀)ကျော်သွားခဲ့ခြင်းဖြစ်သည်။

Subscriber တစ်သန်းပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် ပေးအပ်သည့် Gold Creator Award ကို စီရော်နယ်လ်ဒိုက သူ၏ကလေးများအား ပြသနေသည့် ”The golden button… for my golden kids” ဟု အမည်ပေးထားသော ဗီဒီယိုမှာ ကြည့်ရှုမှုအများဆုံးအဖြစ် (၃၉)သန်းကျော်အထိ ရရှိထားသည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုအနေဖြင့် YouTube တွင် Subscriber အများဆုံးစံချိန်တင်ထားသည့် အမေရိကန် YouTuber ဖြစ်သူ MrBeast ကိုပင် စိန်ခေါ်နိုင်မည့် အလားအလာရှိကြောင်း သုံးသပ်မှုများရှိနေသည်။

Mr Beast မှာ Subscriber အရေအတွက် (၃၁၂)သန်းဖြင့် စံချိန်တင်ထားခြင်းဖြစ်ပြီး TikTok တွင် Follower (၁၀၃) သန်းဖြင့် တတိယအများဆုံး၊ Instagram တွင် Follower သန်း (၆၀)နှင့် X (ယခင် Twitter) တွင် Follower (၃၀.၉)သန်း ပိုင်ဆိုင်ထားသည်။

စီရော်နယ်လ်ဒိုမှာလည်း Instagram တွင် Follower (၆၃၆)သန်းနှင့် Facebook တွင် Follower သန်း (၁၇၀)အထိရှိပြီး ကမ္ဘာတစ်ဝန်း Follower အများဆုံး လူပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိသည်။

ထို့ပြင် ၎င်းသည် X တွင် Follower (၁၁၂.၅) သန်းဖြင့် X ပိုင်ရှင်ဖြစ်သူ အီလွန်မက်စ် (၁၉၅ သန်း) နှင့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား (၁၃၁ .၇ သန်း) တို့ပြီးလျှင် တတိယအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။