နိုင္ငံ့အေရးသည္ ပထမ နိုင္ငံ့အေရးသည္ ဒုတိယ နိုင္ငံ့အေရးသည္ တတိယ ဟုခံယူ၍ စည္းလုံးညီညြတ္သည့္အားျဖင့္ ပူးေပါင္းေဆာင္ရြက္ရန္ ခရိုင္၊ ၿမိဳ႕နယ္၊ ရပ္/ေက်း တာဝန္ရွိသူမ်ားႏွင့္ ကြင္းဆင္းေတြ႕ဆုံစဥ္မွာၾကား

ရန္ကုန္ ဩဂုတ္ ၂၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးရးပါတီ ဒုတိယဥကၠ႒၊ ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏွိုင္း‌‌ေရးမႉး ဦးမ်ိဳးေဇာ္သိန္းသည္ တိုင္းပါတီဥကၠ႒ ဦးခင္‌ေမာင္စိုးႏွင့္ တိုင္းပါတီ‌ေကာ္မတီဝင္မ်ားလိုက္ပါၿပီး ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လ (၂၆) ရက္‌‌ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ လွည္းကူးခရိုင္၊ ေမွာ္ဘီခရိုင္ ပါတီ႐ုံးမ်ားသို႔ သြားရာက္၍ ကြင္းဆင္း ေတြ႕ဆုံခဲ့ပါသည္။
ထို႔သို႔ ကြင္းဆင္းေတြ႕ဆုံခဲ့ရာ ဒုတိယဥကၠဌႏွင့္တာဝန္ရွိသူမ်ားသည္ သက္ဆိုင္ရာ ခရိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ား၊ ရပ္/ေက်းတာဝန္ရွိသူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံကာ အျပန္အလွန္ညႇိႏွိုင္း‌ ေဆြးေႏြးခဲ့ၿပီး လိုအပ္သည့္အခ်က္မ်ား ျဖည့္စြက္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။


နိုင်ငံ့အရေးသည် ပထမ နိုင်ငံ့အရေးသည် ဒုတိယ နိုင်ငံ့အရေးသည် တတိယ ဟုခံယူ၍ စည်းလုံးညီညွတ်သည့်အားဖြင့် ပူးပေါင်းဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး တာဝန်ရှိသူများနှင့် ကွင်းဆင်းတွေ့ဆုံစဉ်မှာကြား
=====================================
ရန်ကုန် ဩဂုတ် ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရးပါတီ ဒုတိယဥက္ကဋ္ဌ၊ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဦးမျိုးဇော်သိန်းသည် တိုင်းပါတီဥက္ကဋ္ဌ ဦးခင်‌မောင်စိုးနှင့် တိုင်းပါတီ‌ကော်မတီဝင်များလိုက်ပါပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်‌‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှည်းကူးခရိုင်၊ မှော်ဘီခရိုင် ပါတီရုံးများသို့ သွားရာက်၍ ကွင်းဆင်း တွေ့ဆုံခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းတွေ့ဆုံခဲ့ရာ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများသည် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးတာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အပြန်အလှန်ညှိနှိုင်း‌ ဆွေးနွေးခဲ့ပြီး လိုအပ်သည့်အချက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။