ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ International Municipal BRICS Forum(2024) သို႔ တက္ေရာက္ရန္ထြက္ခြာ

ဩဂုတ္ ၂၆၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၊ ဒူးမားလႊတ္ေတာ္ ၏ ဖိတ္ၾကားခ်က္အရ ေမာ္စကိုၿမိဳ႕တြင္ ၂၆-၈-၂၀၂၄ ရက္ေန႔မွ ၂၈-၈-၂၀၂၄ ရက္ေန႔အထိ က်င္းပျပဳလုပ္မည့္ International Municipal BRICS Forum(2024) သို႔တက္ေရာက္ရန္အတြက္ ယေန႔နံနက္ ၀၇:၃၀ အခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ေလယာဥ္အမွတ္ MAI-8M 335 ေလယာဥ္ျဖင့္ ထြက္ခြာသြားခဲ့ပါသည္။
ပါတီကိုယ္စားလွယ္အဖြဲ႕တြင္ ပါတီဥကၠ႒ ဦးခင္ရီ၊ ဗဟိုအလုပ္အမႈေဆာင္ ဦးျမင့္ကိုကိုႏွင့္ အဖြဲ႕ဝင္တစ္ဦးတို႔ ပါဝင္ၿပီး ထြက္ခြာရာသို႔ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ ေကာ္မတီဝင္မ်ား၊ နိုင္ငံတကာေရးရာေကာ္မတီမွ တာဝန္ရွိသူမ်ားက လိုက္လံပို႔ေဆာင္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ International Municipal BRICS Forum(2024) သို့ တက်ရောက်ရန်ထွက်ခွာ
========================
ဩဂုတ် ၂၆၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၈-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Municipal BRICS Forum(2024) သို့တက်ရောက်ရန်အတွက် ယနေ့နံနက် ၀၇:၃၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဥ်အမှတ် MAI-8M 335 လေယာဥ်ဖြင့် ထွက်ခွာသွားခဲ့ပါသည်။
ပါတီကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်ပြီး ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြပါသည်။