မန္စီးတီးအသင္းက ကစားသမားေဟာင္း ဂန္ဒိုဂန္ကို ျပန္လည္ေခၚယူ

မန္စီးတီးအသင္းဟာ ဘာစီလိုနာအသင္းက ကြင္းလယ္လူ ဂန္ဒိုဂန္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလိုက္ပါတယ္။ အသက္(၃၃)ႏွစ္အရြယ္ ဂန္ဒိုဂန္ဟာ မန္စီးတီးနဲ႔ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေနာက္ထပ္တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ပါရွိပါတယ္။ ဂန္ဒိုဂန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက မန္စီးတီးကေန ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ တစ္ႏွစ္အၾကာမွာပဲ အီတီဟတ္ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္လူ ဂန္ဒိုဂန္ဟာ မန္စီးတီးအသင္းမွာ ေက်ာနံပါတ္(၁၉)ဂ်ာစီကို ဝတ္ဆင္မွာျဖစ္ပါတယ္။ဂန္ဒိုဂန္ဟာ ယေန႔ အီတီဟတ္ကြင္းမွာ အစ္ဆြစ္ခ်္နဲ႔ကစားမယ့္ ပြဲမွာ ပါဝင္ကစားနိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။


မန်စီးတီးအသင်းက ကစားသမားဟောင်း ဂန်ဒိုဂန်ကို ပြန်လည်ခေါ်ယူ
===================================
မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၃၃)နှစ်အရွယ် ဂန်ဒိုဂန်ဟာ မန်စီးတီးနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်စာချုပ်ချုပ်ဆိုခွင့်ပါရှိပါတယ်။ ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်နှစ်အကြာမှာပဲ အီတီဟတ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ်(၁၉)ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ဂန်ဒိုဂန်ဟာ ယနေ့ အီတီဟတ်ကွင်းမှာ အစ်ဆွစ်ချ်နဲ့ကစားမယ့် ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။