က်ည္ကာမွန္ျဖင့္ မဲဆြယ္စင္ျမင့္ထက္ကို ထရန႔္ တေက်ာ့ျပန္ေရာက္လာ

ေျမာက္ကာရိုလိုင္းနားျပည္နယ္ အက္ရွိဘိုရိုၿမိဳ႕၌ ျပဳလုပ္သည့္ မဲဆြယ္ပြဲတြင္ က်ည္ကာမွန္တပ္ထားသည့္ စင္ျမင့္ထက္သို႔ ေဒၚနယ္ထရန႔္ ေရာက္လာခဲ့သည္။ ၿပီးခဲ့သည့္လက ပင္ဆယ္ေဗးနီးယားျပည္နယ္ ဘတၱလာၿမိဳ႕ မဲဆြယ္ပြဲတြင္ ‌ေ-သနတ္ပစ္ခံ၍ ထရန႔္ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယခု မဲဆြယ္ပြဲမွာ သူ၏ ပထမဆုံး ျပင္ပ မဲဆြယ္စည္း႐ုံးမႈျဖစ္သည္။
အဆိုပါ ပစ္ခတ္မႈ၌ ထရန႔္သည္ နားရြက္တြင္ ‌ေ-သနတ္ဒဏ္ရာရခဲ့သည့္အျပင္ ပရိသတ္ႏွစ္ဦးလည္း ဒဏ္ရာရခဲ့ၿပီး အမ်ိဳးသားတစ္ဦး ‌ေ-သဆုံးခဲ့သည္။ ယင္းျဖစ္စဥ္ေၾကာင့္ သမၼတေဟာင္းအေနျဖင့္လတ္တေလာတြင္ ႐ုံတြင္း မဲဆြယ္မႈမ်ားကိုသာ လုပ္ေဆာင္ရန္ လၽွို႔ဝွက္ေထာက္လွမ္းေရးဌာနက အႀကံျပဳခဲ့သည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ သီတင္းပတ္တြင္မူ ထရန႔္အေနျဖင့္ သူ႔ကို အကာအကြယ္လုပ္ထားသည့္ က်ည္ကာမွန္ေနာက္ကြယ္မွ ျပင္ပ မဲဆြယ္ပြဲမ်ားကို က်င္းပေစမည္ဟု လၽွို႔ဝွက္ေထာက္လွမ္းေရး႒ာနက ေျပာဆိုခဲ့သည္။
ထရန႔္၏ ေျမာက္ကာရိုလိုင္းနား မဲဆြယ္ပြဲသည္ ဒီမိုကရက္တစ္ နိုင္ငံေရးသမားမ်ားႏွင့္ ထင္ရွားေက်ာ္ၾကားသူမ်ား ပါဝင္သည့္ ဒီမိုကရက္တစ္ပါတီ ညီလာခံရက္သတၱပတ္အတြက္ တန္ျပန္ မဲဆြယ္အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းျဖစ္လာခဲ့သည္။
မဲဆြယ္ပြဲကို ရီပတ္ဘလီကန္ ဒုတိယ သမၼတေလာင္း ေဂ်ဒီ ဗန႔္စ္ က အဖြင့္ႏႈတ္ခြန္းဆက္စကား တစ္မိနစ္နီးပါး ေျပာခဲ့သည္။ ယင္းေနာက္ ရဲအရာရွိမ်ားႏွင့္ ေျမာက္ကာရိုလိုင္းနား၏ ရီပတ္ဘလီကန္အမတ္ မာ့ခ္ ေရာ္ဘင္ဆင္တို႔ ၿခံရံထားလၽွက္ ထရမ့္ပ္သည္ စင္ျမင့္ထက္သို႔ တက္လာသည္။
ထရန႔္သည္ ေနတိုး၊ အာဖဂန္နစၥတန္၊ ႐ုရွားတို႔ႏွင့္ ပတ္သက္၍ ေကာင္းစြာျပင္ဆင္ထားေသာ ေဟာေျပာခ်က္မ်ားႏွင့္အတူ နိုင္ငံေတာ္လုံျခဳံေရးကိုအဓိကထား၍ မိန႔္ခြန္းကို စတင္ခဲ့ၿပီး သူ၏ ဒီမိုကရက္တစ္ၿပိဳင္ဘက္ ကင္မ္လာ ဟဲရစ္ကို ေဝဖန္တိုက္ခိုက္ခဲ့သည္ကိုလည္း ေတြ႕ရသည္။


ကျည်ကာမှန်ဖြင့် မဲဆွယ်စင်မြင့်ထက်ကို ထရန့် တကျော့ပြန်ရောက်လာ
==========================
မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှိဘိုရိုမြို့၌ ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကျည်ကာမှန်တပ်ထားသည့် စင်မြင့်ထက်သို့ ဒေါ်နယ်ထရန့် ရောက်လာခဲ့သည်။ ပြီးခဲ့သည့်လက ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့ မဲဆွယ်ပွဲတွင် ‌ေ-သနတ်ပစ်ခံ၍ ထရန့် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခု မဲဆွယ်ပွဲမှာ သူ၏ ပထမဆုံး ပြင်ပ မဲဆွယ်စည်းရုံးမှုဖြစ်သည်။
အဆိုပါ ပစ်ခတ်မှု၌ ထရန့်သည် နားရွက်တွင် ‌ေ-သနတ်ဒဏ်ရာရခဲ့သည့်အပြင် ပရိသတ်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သမ္မတဟောင်းအနေဖြင့်လတ်တလောတွင် ရုံတွင်း မဲဆွယ်မှုများကိုသာ လုပ်ဆောင်ရန် လျှို့ဝှက်ထောက်လှမ်းရေးဌာနက အကြံပြုခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်တွင်မူ ထရန့်အနေဖြင့် သူ့ကို အကာအကွယ်လုပ်ထားသည့် ကျည်ကာမှန်နောက်ကွယ်မှ ပြင်ပ မဲဆွယ်ပွဲများကို ကျင်းပစေမည်ဟု လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာနက ပြောဆိုခဲ့သည်။
ထရန့်၏ မြောက်ကာရိုလိုင်းနား မဲဆွယ်ပွဲသည် ဒီမိုကရက်တစ် နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ ညီလာခံရက်သတ္တပတ်အတွက် တန်ပြန် မဲဆွယ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။
မဲဆွယ်ပွဲကို ရီပတ်ဘလီကန် ဒုတိယ သမ္မတလောင်း ဂျေဒီ ဗန့်စ် က အဖွင့်နှုတ်ခွန်းဆက်စကား တစ်မိနစ်နီးပါး ပြောခဲ့သည်။ ယင်းနောက် ရဲအရာရှိများနှင့် မြောက်ကာရိုလိုင်းနား၏ ရီပတ်ဘလီကန်အမတ် မာ့ခ် ရော်ဘင်ဆင်တို့ ခြံရံထားလျှက် ထရမ့်ပ်သည် စင်မြင့်ထက်သို့ တက်လာသည်။
ထရန့်သည် နေတိုး၊ အာဖဂန်နစ္စတန်၊ ရုရှားတို့နှင့် ပတ်သက်၍ ကောင်းစွာပြင်ဆင်ထားသော ဟောပြောချက်များနှင့်အတူ နိုင်ငံတော်လုံခြုံရေးကိုအဓိကထား၍ မိန့်ခွန်းကို စတင်ခဲ့ပြီး သူ၏ ဒီမိုကရက်တစ်ပြိုင်ဘက် ကင်မ်လာ ဟဲရစ်ကို ဝေဖန်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။