PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို မန္စီးတီးကြင္းလယ္လူ ဖိုဒန္ဆြတ္ခူး

မန္စီးတီးကြင္းလယ္လူ ဖီလ္ဖိုဒန္ဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားအစည္းအ႐ုံး(PFA)ရဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ ခ်ဲလ္ဆီးေတာင္ပံကစားသမား ပယ္လ္မာကေတာ့ PFAတစ္ႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဖိုဒန္ဟာ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္း သမိုင္းဝင္ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၄)ႏွစ္ဆက္ဆြတ္ခူးခဲ့ရာမွာ ေျခစြမ္းျပကစားနိုင္ခဲ့ၿပီး လိဂ္(၃၅)ပြဲမွာ (၁၉)ဂိုးသြင္းယူခဲ့ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ဖိုဒန္ဟာ ပရီးမီးယားလိဂ္ဆုဖလားကို (၆)ႀကိမ္ရရွိခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ ဖိုဒန္ဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့သလို အားကစားကေလာင္ရွင္မ်ားအစည္းအ႐ုံးရဲ့အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးခဲ့ပါတယ္။ PFAတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို အသင္းေဖာ္ဟာလန္း၊ ရိုဒရီ၊ ခ်ဲလ္ဆီးေတာင္ပံကစားသမား ပယ္လ္မာ၊ အာဆင္နယ္ကြင္းလယ္လူ အိုဒီဂတ္နဲ႔ ဗီလာအသင္းက ဝက္ကင္စ္တို႔ကို ေက်ာ္ျဖတ္ၿပီး ဖိုဒန္ ဆြတ္ခူးရရွိခဲ့တာပါ။ ခ်ဲလ္ဆီးေတာင္ပံကစားသမားပယ္လ္မာကေတာ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လြဲေခ်ာ္ခဲ့ေပမယ့္ PFAအေကာင္းဆုံးလူငယ္ကစားသမားဆုကို ရရွိခဲ့ပါတယ္။ အသက္(၂၂)ႏွစ္အရြယ္ ပယ္လ္မာဟာ ခ်ဲလ္ဆီးအတြက္ သူ႔ရဲ့ပထမဆုံးရာသီမွာ (၃၄)ပြဲကစားခဲ့ၿပီး (၂၂)ဂိုးသြင္းယူခဲ့ပါတယ္။ PFAတစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ မန္စီးတီးနဲ႔ အာဆင္နယ္ကစားသမားေတြလႊမ္းမိုးခဲ့ၿပီး အာဆင္နယ္အသင္းက ကစားသမား(၅)ဦးနဲ႔ မန္စီးတီးက (၄)ဦးပါဝင္ခဲ့ပါတယ္


PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးကွင်းလယ်လူ ဖိုဒန်ဆွတ်ခူး
======================================
မန်စီးတီးကွင်းလယ်လူ ဖီလ်ဖိုဒန်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး(PFA)ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ချဲလ်ဆီးတောင်ပံကစားသမား ပယ်လ်မာကတော့ PFAတစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း သမိုင်းဝင်ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)နှစ်ဆက်ဆွတ်ခူးခဲ့ရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လိဂ်(၃၅)ပွဲမှာ (၁၉)ဂိုးသွင်းယူခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ဖိုဒန်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို (၆)ကြိမ်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖိုဒန်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို အားကစားကလောင်ရှင်များအစည်းအရုံးရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ PFAတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အသင်းဖော်ဟာလန်း၊ ရိုဒရီ၊ ချဲလ်ဆီးတောင်ပံကစားသမား ပယ်လ်မာ၊ အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်နဲ့ ဗီလာအသင်းက ဝက်ကင်စ်တို့ကို ကျော်ဖြတ်ပြီး ဖိုဒန် ဆွတ်ခူးရရှိခဲ့တာပါ။ ချဲလ်ဆီးတောင်ပံကစားသမားပယ်လ်မာကတော့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လွဲချော်ခဲ့ပေမယ့် PFAအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ် ပယ်လ်မာဟာ ချဲလ်ဆီးအတွက် သူ့ရဲ့ပထမဆုံးရာသီမှာ (၃၄)ပွဲကစားခဲ့ပြီး (၂၂)ဂိုးသွင်းယူခဲ့ပါတယ်။ PFAတစ်နှစ်တာအကောင်းဆုံးအသင်းမှာ မန်စီးတီးနဲ့ အာဆင်နယ်ကစားသမားတွေလွှမ်းမိုးခဲ့ပြီး အာဆင်နယ်အသင်းက ကစားသမား(၅)ဦးနဲ့ မန်စီးတီးက (၄)ဦးပါဝင်ခဲ့ပါတယ်