ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဩဂုတ္ ၂၁၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၄)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ဥပေဒေရးရာဌာနမွ ဦးစည္သူဝင္း၊ ျပင္ပမွ ဖိတ္ၾကားထားေသာ ပညာရွင္ ဦးေအာင္သန္း တို႔မွ “ ပုဂၢလိက ပညာေရး ဥပေဒဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ား ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးခဲ့ၿပီး သိရွိလိုသည္အခ်က္မ်ားအား ေမးျမန္းၾကရာ ျပင္ပမွ ဖိတ္ၾကားထားေသာ ပညာရွင္ ဦးေအာင္သန္း မွ ျပန္လည္ေျဖၾကားခဲ့ပါသည္။
ထို႔ေနာက္ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းႏွင့္ သုံးသပ္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကၿပီး နိဂုံးခ်ဳပ္အေနျဖင့္ ပါတီဥကၠ႒မွ “ အနာဂတ္လူငယ္မ်ားႏွင့္ ပညာေရးစနစ္မ်ား၊ သင္ရိုးညႊန္းတမ္းမ်ား၊ ဥပေဒ နည္းဥပေဒမ်ားႏွင့္ ပညာေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ပူးေပါင္းေဆာင္ရြက္နိုင္သည့္ လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း ” ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ျပင္ပမွ ဖိတ္ၾကားထားေသာ ပညာရွင္ ဦးေအာင္သန္း၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဩဂုတ် ၂၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၄)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဥပဒေရေးရာဌာနမှ ဦးစည်သူဝင်း၊ ပြင်ပမှ ဖိတ်ကြားထားသော ပညာရှင် ဦးအောင်သန်း တို့မှ “ ပုဂ္ဂလိက ပညာရေး ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်များ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး သိရှိလိုသည်အချက်များအား မေးမြန်းကြရာ ပြင်ပမှ ဖိတ်ကြားထားသော ပညာရှင် ဦးအောင်သန်း မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် ပါတီဥက္ကဋ္ဌမှ “ အနာဂတ်လူငယ်များနှင့် ပညာရေးစနစ်များ၊ သင်ရိုးညွှန်းတမ်းများ၊ ဥပဒေ နည်းဥပဒေများနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ” ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပြင်ပမှ ဖိတ်ကြားထားသော ပညာရှင် ဦးအောင်သန်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။