ႏွစ္ရက္အတြင္း ဗဟိုဘဏ္မွ တစ္ေဒၚလာ ၃၄၀၀ က်ပ္ ဝန္းက်င္ျဖင့္ ေဒၚလာ (၉၉) သန္းေက်ာ္ထုတ္ေရာင္းေပးထား

ၿပီးခဲ့သည့္ ဩဂုတ္လ (၁၄) ရက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ေဒၚလာသန္း (၁၀၀)ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္မွ ေၾကညာခဲ့ၿပီးေနာက္ပိုင္း ဩဂုတ္လ (၁၅) ရက္တြင္ တစ္ေဒၚလာ က်ပ္ (၃၄၀၀) ျဖင့္ ေဒၚလာ ၉ ဒသမ ၄၈၉ သန္းႏွင့္ ဩဂုတ္လ (၁၉) ရက္ (ယမန္ေန႔)တြင္ တစ္ေဒၚလာ က်ပ္ (၃၄၁၀) ျဖင့္ ေဒၚလာ ၈၉ ဒသမ ၉၇၅ သန္း ထုတ္ေရာင္းေပးထားသည္။
ၿပီးခဲ့သည့္ ရက္သတၱပတ္ခန႔္တြင္ တစ္ေဒၚလာ (၇၀၀၀) က်ပ္ေက်ာ္အထိ ျမင့္တက္ခဲ့သည့္အတြက္ စက္သုံးဆီက႑တြင္ အခက္အခဲမ်ားျဖစ္ေပၚခဲ့ရသည့္အတြက္ ဗဟိုဘဏ္မွ စက္သုံးဆီလုပ္ငန္းရွင္မ်ားကို ေဒၚလာသန္း (၁၀၀)ပံ့ပိုးေပးသြားမည္ဟု အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ပိုင္းတြင္ ျပင္ပေငြေၾကးေဈးကြက္တြင္ တစ္ေဒၚ လာ (၆၃၀၀)က်ပ္ ဝန္းက်င္ျဖင့္ ေဈးရွိေနေၾကာင္း၊ ယင္းကဲ့သို႔ နိုင္ငံျခားေငြလဲလွယ္ႏႈန္းမ်ား ျမင့္တက္ေနေသာ္လည္း ေဈးကြက္အတြင္း အေရာင္းရပ္နားထားမႈမ်ားရွိေၾကာင္း အေရာင္းအဝယ္ေအးေနေၾကာင္း စုံစမ္းသိရွိရသည္။
ဩဂုတ္လ ပထမအပတ္တြင္ ‌စက္သုံးဆီ၊ စားသုံးဆီႏွင့္ ေဆးဝါးက႑မ်ားအတြက္ FX Trading Platform မွတဆင့္ အေမရိကန္ေဒၚလာ (၅)သန္းႏွင့္ တ႐ုတ္ယြမ္ (၅)သန္း ဗဟိုဘဏ္မွ ေရာင္းခ်ေပးထားသလို ၿပီးခဲ့သည့္ ရက္သတၱပတ္တြင္လည္း စက္သုံးဆီ၊ စားသုံးဆီႏွင့္ အျခားအေရးႀကီးကုန္စည္မ်ားအတြက္ ေဒၚလာ (၆) သန္း၊ ယြမ္ (၅) သန္းႏွင့္ ထိုင္းဘတ္ (၁၀) သန္း ထပ္မံေရာင္းခ်ေပးထားေၾကာင္း သိရသည္။


နှစ်ရက်အတွင်း ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၃၄၀၀ ကျပ် ဝန်းကျင်ဖြင့် ဒေါ်လာ (၉၉) သန်းကျော်ထုတ်ရောင်းပေးထား
===========================

ပြီးခဲ့သည့် ဩဂုတ်လ (၁၄) ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၁၀၀)ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ကြေညာခဲ့ပြီးနောက်ပိုင်း ဩဂုတ်လ (၁၅) ရက်တွင် တစ်ဒေါ်လာ ကျပ် (၃၄၀၀) ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ (၁၉) ရက် (ယမန်နေ့)တွင် တစ်ဒေါ်လာ ကျပ် (၃၄၁၀) ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း ထုတ်ရောင်းပေးထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်တွင် တစ်ဒေါ်လာ (၇၀၀၀) ကျပ်ကျော်အထိ မြင့်တက်ခဲ့သည့်အတွက် စက်သုံးဆီကဏ္ဍတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရသည့်အတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း (၁၀၀)ပံ့ပိုးပေးသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ် လာ (၆၃၀၀)ကျပ် ဝန်းကျင်ဖြင့် ဈေးရှိနေကြောင်း၊ ယင်းကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းရပ်နားထားမှုများရှိကြောင်း အရောင်းအဝယ်အေးနေကြောင်း စုံစမ်းသိရှိရသည်။
ဩဂုတ်လ ပထမအပတ်တွင် ‌စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅)သန်းနှင့် တရုတ်ယွမ် (၅)သန်း ဗဟိုဘဏ်မှ ရောင်းချပေးထားသလို ပြီးခဲ့သည့် ရက်သတ္တပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ (၆) သန်း၊ ယွမ် (၅) သန်းနှင့် ထိုင်းဘတ် (၁၀) သန်း ထပ်မံရောင်းချပေးထားကြောင်း သိရသည်။