လိဒ္တိုက္စစ္မႉး ရက္တာကို ဘရိုက္တန္ ေခၚယူ

ဘရိုက္တန္အသင္းဟာ လိဒ္အသင္းက ျပင္သစ္တိုက္စစ္ကစားသမား ရက္တာကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၄၀)နဲ႔ ေခၚယူလိုက္ပါတယ္။ အသက္(၂၂)ႏွစ္အရြယ္တိုက္စစ္မႉးဟာ ဘရိုက္တန္အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ရက္တာဟာ ၂၀၂၃ ဇန္နဝါရီမွာ ေဟာ့ဖန္ဟိမ္းကေန လိဒ္ကို ေရာက္ရွိလာခဲ့ၿပီး အသင္းအတြက္ (၆၆)ပြဲမွာ (၈)ဂိုးသြင္းယူေပးခဲ့ပါတယ္။ ဘရိုက္တန္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္-၁မွာ အဲဗာတန္ကို အနိုင္ယူခဲ့ၿပီးေနာက္ စေနေန႔မွာ မန္ယူနဲ႔ အိမ္ကြင္းပြဲစဥ္ ကစားရမွာျဖစ္ပါတယ္။


လိဒ်တိုက်စစ်မှူး ရက်တာကို ဘရိုက်တန် ခေါ်ယူ
======================================
ဘရိုက်တန်အသင်းဟာ လိဒ်အသင်းက ပြင်သစ်တိုက်စစ်ကစားသမား ရက်တာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၂၂)နှစ်အရွယ်တိုက်စစ်မှူးဟာ ဘရိုက်တန်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရက်တာဟာ ၂၀၂၃ ဇန်နဝါရီမှာ ဟော့ဖန်ဟိမ်းကနေ လိဒ်ကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၆၆)ပွဲမှာ (၈)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၁မှာ အဲဗာတန်ကို အနိုင်ယူခဲ့ပြီးနောက် စနေနေ့မှာ မန်ယူနဲ့ အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပါတယ်။