ထိုင္းနိုင္ငံ က ပီထုန္ထန္ ရွင္နာဝပ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္

ထိုင္းဘုရင္ မဟာဝီဇာရာ ေလာင္ကြန္း က ပီထုန္ထန္ ရွင္နာဝပ္ ကို ထိုင္းနိုင္ငံ၏ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ ေၾကာင္း ေအာက္လႊတ္ေတာ္ အတြင္းေရးမႉးခ်ဳပ္ အာပတ္ဆူခါႏြန႔္ က ဩဂုတ္လ ၁၈ ရက္တြင္ ထုတ္ျပန္ေၾကညာ သည္။ ဖူထိုင္းပါတီဌာနခ်ဳပ္၌ က်င္းပေသာအခမ္းအနားတြင္ အာပတ္ဆူခါႏြန႔္ က ဘုရင္၏ဝန္ႀကီးခ်ဳပ္ခန႔္အပ္မႈ အမိန႔္လႊာကို ဖတ္ၾကားျခင္းျဖစ္သည္။ ထိုသို႔ ဘုရင္၏အမိန႔္ေၾကာင့္ အသက္ ၃၇ ႏွစ္သာ ရွိေသးသည့္ ပီထုန္ထန္ ရွင္နာဝပ္ သည္ ထိုင္းနိုင္ငံ၏ ၃၁ ဆက္ေျမာက္ႏွင့္ ဒုတိယေျမာက္ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့သည္။
ထို႔ေနာက္ ပီထုန္ထန္ ရွင္နာဝပ္ က ၎အေနျဖင့္ က်န္ရွိေနေသာ လႊတ္ေတာ္သက္တမ္းသုံးႏွစ္အတြင္း ဥပေဒျပဳေရးအဖြဲ႕ႏွင့္ပူးေပါင္းကာ ထိုင္းနိုင္ငံကို အတားအဆီးမရွိ ဆက္လက္ဖြံ့ၿဖိဳးတိုးတက္ေစေရး ရည္မွန္းခ်က္ အတြက္ အေတြးအျမင္သေဘာထားမ်ားကိုနားေထာင္သြားမည္ဟု ေျပာသည္။ ထို႔ျပင္ ၎သည္ ဝန္ႀကီးခ်ဳပ္ ေဟာင္း ဆယ္ထထာ ဝီဆင္ အစိုးရအဖြဲ႕ က ခ်မွတ္ခဲ့ေသာ မူဝါဒမ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္သြား မည္ျဖစ္ကာ တ႐ုတ္နိုင္ငံႏွင့္ဆက္ဆံေရးကို ပိုမိုခိုင္မာေအာင္တည္ေဆာက္သြားမည္ဟု ဆင္ဟြာသတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။


ထိုင်းနိုင်ငံ က ပီထုန်ထန် ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်
=======================
ထိုင်းဘုရင် မဟာဝီဇာရာ လောင်ကွန်း က ပီထုန်ထန် ရှင်နာဝပ် ကို ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ခန့်အပ် ကြောင်း အောက်လွှတ်တော် အတွင်းရေးမှူးချုပ် အာပတ်ဆူခါနွန့် က ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာ သည်။ ဖူထိုင်းပါတီဌာနချုပ်၌ ကျင်းပသောအခမ်းအနားတွင် အာပတ်ဆူခါနွန့် က ဘုရင်၏ဝန်ကြီးချုပ်ခန့်အပ်မှု အမိန့်လွှာကို ဖတ်ကြားခြင်းဖြစ်သည်။ ထိုသို့ ဘုရင်၏အမိန့်ကြောင့် အသက် ၃၇ နှစ်သာ ရှိသေးသည့် ပီထုန်ထန် ရှင်နာဝပ် သည် ထိုင်းနိုင်ငံ၏ ၃၁ ဆက်မြောက်နှင့် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထို့နောက် ပီထုန်ထန် ရှင်နာဝပ် က ၎င်းအနေဖြင့် ကျန်ရှိနေသော လွှတ်တော်သက်တမ်းသုံးနှစ်အတွင်း ဥပဒေပြုရေးအဖွဲ့နှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံကို အတားအဆီးမရှိ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ရည်မှန်းချက် အတွက် အတွေးအမြင်သဘောထားများကိုနားထောင်သွားမည်ဟု ပြောသည်။ ထို့ပြင် ၎င်းသည် ဝန်ကြီးချုပ် ဟောင်း ဆယ်ထထာ ဝီဆင် အစိုးရအဖွဲ့ က ချမှတ်ခဲ့သော မူဝါဒများကို ဆက်လက် အကောင်အထည်ဖော်သွား မည်ဖြစ်ကာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်သွားမည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။