ကာ့စ္ေဒသရွိ ဒုတိယေျမာက္ အဓိကတံတားကိုဖ်က္ဆီးခဲ့–ယူကရိန္း

ၿပီးခဲ့သည့္ရက္သတၱပတ္မွစ၍ ယူကရိန္းသည္ ႐ုရွား ကို တန္ျပန္ထိုးစစ္ဆင္ခဲ့ၿပီး ေမာ္စကို၏ ေထာက္ပံ့ေရးလမ္းေၾကာင္းကို ဟန္႔တားေႏွာင့္ယွက္ရန္ ကာ့စ္ေဒသရွိ ဒုတိယအေရးပါဆုံးတံတားကို ဖ်က္ဆီးခဲ့သည္ဟု ယူကရိန္းကေျပာၾကားခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ ႐ုရွားသည္ ယူကရိန္းအေရွ႕ပိုင္းတြင္ ဖိအားမ်ားတိုးလာခဲ့ၿပီး ယူကရိန္းနိုင္ငံပိုင္ ေထာက္ပံ့ပို႔ေဆာင္ေရးအခ်က္အခ်ာျဖစ္သည့္ Pokrovsk မွ ကီလိုမီတာအနည္းငယ္အကြာရွိ အျခားေက်းရြာတစ္ရြာကို သိမ္းပိုက္နိုင္ခဲ့သည္ဟုလည္းဆိုခဲ့သည္။
႐ုရွားရွိ တံတားေဖာက္ခြဲခံရသည့္ ေပါက္ကြဲမႈဗီဒီယိုကို ယူကရိန္းေလတပ္မွတပ္မႉးက တယ္လီဂရမ္တြင္ တင္ခဲ့ၿပီး ေနာက္ထပ္တံတားတစ္စင္းကို တိုက္ခိုက္ရန္ရည္ရြယ္ေၾကာင္းကို လည္းေျပာၾကားခဲ့သည္။
ယူကရိန္းေလတပ္သည္ ရန္သူကို တိက်စြာ ေလေၾကာင္း မွ တိုက္ခိုက္ခဲ့ၿပီး ေထာက္ပံ့ပို႔ေဆာင္ေရးစြမ္းရည္မ်ားကို ဆက္တိုက္ဆိုသလို လက္လြတ္ဆုံးရႈံးေစခဲ့သည္ဟုလည္းေျပာၾကားခဲ့သည္။
“တပ္ဖြဲ႕ဝင္ေတြက ေရွ႕တန္းစစ္ေျမျပင္မွာ အေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္” ဟု ယူကရိန္းသမၼတဇလန္းစကီးကေျပာၾကားခဲ့ၿပီး ဆက္လက္၍ ၿဗိတိန္၊ျပင္သစ္ႏွင့္ အေမရိကတို႔ကိုလည္း အဓိကအေရးပါသည့္ ေထာက္ပံ့ေရးကိရိယာမ်ားကို ျမန္ျမန္ဆန္ဆန္ေပးပို႔ရန္ ထပ္ခါတလဲလဲ ေမတၱာရပ္ခံခဲ့သည္။
Source : AFP


ကာ့စ်ဒေသရှိ ဒုတိယမြောက် အဓိကတံတားကိုဖျက်ဆီးခဲ့–ယူကရိန်း
============================

ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ ယူကရိန်းသည် ရုရှား ကို တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မော်စကို၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဟန့်တားနှောင့်ယှက်ရန် ကာ့စ်ဒေသရှိ ဒုတိယအရေးပါဆုံးတံတားကို ဖျက်ဆီးခဲ့သည်ဟု ယူကရိန်းကပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းတွင် ဖိအားများတိုးလာခဲ့ပြီး ယူကရိန်းနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာဖြစ်သည့် Pokrovsk မှ ကီလိုမီတာအနည်းငယ်အကွာရှိ အခြားကျေးရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။
ရုရှားရှိ တံတားဖောက်ခွဲခံရသည့် ပေါက်ကွဲမှုဗီဒီယိုကို ယူကရိန်းလေတပ်မှတပ်မှူးက တယ်လီဂရမ်တွင် တင်ခဲ့ပြီး နောက်ထပ်တံတားတစ်စင်းကို တိုက်ခိုက်ရန်ရည်ရွယ်ကြောင်းကို လည်းပြောကြားခဲ့သည်။
ယူကရိန်းလေတပ်သည် ရန်သူကို တိကျစွာ လေကြောင်း မှ တိုက်ခိုက်ခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များကို ဆက်တိုက်ဆိုသလို လက်လွတ်ဆုံးရှုံးစေခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
“တပ်ဖွဲ့ဝင်တွေက ရှေ့တန်းစစ်မြေပြင်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်” ဟု ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့ပြီး ဆက်လက်၍ ဗြိတိန်၊ပြင်သစ်နှင့် အမေရိကတို့ကိုလည်း အဓိကအရေးပါသည့် ထောက်ပံ့ရေးကိရိယာများကို မြန်မြန်ဆန်ဆန်ပေးပို့ရန် ထပ်ခါတလဲလဲ မေတ္တာရပ်ခံခဲ့သည်။
Source : AFP