OWIC ရရွိမွသာ ျပည္ပသို႔သြားေရာက္လုပ္ကိုင္ၾကရန္ အလုပ္သမားဝန္ႀကီးဌာနမွ အသိေပး

ျပည္ပသို႔သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအေနျဖင့္ ျပည္ပအလုပ္အကိုင္အလုပ္သမား သက္ေသခံကတ္(OWIC) ရရွိမွသာ သြားေရာက္လုပ္ကိုင္ၾကရန္ အလုပ္သမားဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။
ျပည္ပတြင္သြားေရာက္လုပ္ကိုင္သူမ်ားအေနျဖင့္ PJ အမ်ိဳးအစားနိုင္ငံကူးလက္မွတ္ကို ေလၽွာက္ထားရန္လိုအပ္ၿပီး အလုပ္သမားဝန္ႀကီးဌာနတြင္ မျဖစ္မေန မွတ္ပုံတင္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယခုအခါ ျပည္ပနိုင္ငံမ်ားသို႔ အလည္ဗီဇာျဖင့္ သြားေရာက္လည္ပတ္နိုင္ရန္ထုတ္ေပးထားသည့္ PV အမ်ိဳးအစား နိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူမ်ားသည္ အလည္အတြက္မဟုတ္ဘဲ အလုပ္အကိုင္ဗီဇာအတြက္ ေလၽွာက္ထားရယူကာ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကေၾကာင္း သိရသည္။
၎တို႔သည္ ျပည္ပတြင္ အခက္အခဲျပႆနာ တစ္စုံတစ္ရာေပၚေပါက္ပါက ကူညီေျဖရွင္းေဆာင္ရြက္ေပးရန္ အခက္အခဲမ်ားၾကဳံေတြ႕ေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ PV အမ်ိဳးအစား နိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ၿပီး အလုပ္အကိုင္ဗီဇာျဖင့္ ျပည္ပသို႔ထြက္ခြာရာတြင္ အျပည္ျပည္ဆိုင္ရာေလဆိပ္၊ နယ္စပ္ဂိတ္မ်ားတြင္ စိစစ္တားျမစ္ခံရပါက မလိုလားအပ္သည့္ ဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစရန္အတြက္ ျပည္ပသို႔ အလုပ္သြားလုပ္မည္ဆိုပါက PJအမ်ိဳးအစား နိုင္ငံကူးလက္မွတ္ကိုေလၽွာက္ထားရန္ အသိေပးထားသည္။
ထို႔ျပင္ အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပအလုပ္သမားအျဖစ္ မွတ္ပုံတင္ကာ OWIC ရယူၿပီးမွသာ တရားဝင္လုပ္သားအျဖစ္ သြားေရာက္လုပ္ကိုင္ၾကရန္ အသိေပးထားသည္။


OWIC ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေး
**************************
ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပြည်ပတွင်သွားရောက်လုပ်ကိုင်သူများအနေဖြင့် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်ကို လျှောက်ထားရန်လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးထားသည့် PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာအတွက် လျှောက်ထားရယူကာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။
၎င်းတို့သည် ပြည်ပတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်ခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ အလုပ်သွားလုပ်မည်ဆိုပါက PJအမျိုးအစား နိုင်ငံကူးလက်မှတ်ကိုလျှောက်ထားရန် အသိပေးထားသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ OWIC ရယူပြီးမှသာ တရားဝင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြရန် အသိပေးထားသည်။