
Real Madrid’s Croatian midfielder #10 Luka Modric lifts the trophy as he celebrates with the team and Real Madrid’s Italian coach Carlo Ancelotti (L) after the UEFA Super Cup football match between Real Madrid and Atalanta BC in Warsaw, on August 14, 2024. (Photo by Sergei GAPON / AFP)





၆ ကြိမ်မြောက် ဥရောပစူပါဖလားကို ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်
================

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက အတ္တလန်တာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ဗယ်လ်ဗာဒီ (၅၉ မိနစ်) နဲ့ အမ်ဘာပေ (၆၈ မိနစ်) တို့က အနိုင်ဂိုးများ အသီးသီးသွင်းယူခဲ့ကြပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဥရောစူပါဖလားကို ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၂၂ နဲ့ ၂၀၂၄ တို့မှာ ဆွတ်ခူးပြီးနောက် ၆ ကြိမ်မြောက်နဲ့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။