ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ပညာရည္ခၽြန္ဆု ခ်ီးျမႇင့္ပြ​ဲ​​အခမ္းအနားသို႔ တက္ေရာက္ခ်ီးျမႇင့္

ၾသဂုတ္ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၁၃ ရက္ေန႔ နံနက္ ၀၉၄၅ အခ်ိန္မွ ေန႔လည္ ၁၁၄၅ အခ်ိန္ထိ ၂၀၂၃ – ၂၀၂၄ ပညာသင္ႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ၌ ထူးခၽြန္စြာေအာင္ျမင္ခဲ့ၾကေသာ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးက ပါတီဝင္မ်ား၏ ရင္ေသြးငယ္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ လူရည္ခၽြန္ဆုရရွိသူမ်ား၊ ဆို က ေရး တီး ဆုရရွိသူမ်ားအား ပညာရည္ခၽြန္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္ျခင္းအခမ္းအနားကို ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ပါသည္။ အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ခဲ့ၿပီး ေက်ာင္းသား/ ေက်ာင္းသူေလးမွ ျမန္မာ့ေက်ာင္းသားသီခ်င္းအား ဂုဏ္ျပဳသီဆို ေဖ်ာ္ေျဖၾကပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက ဂုဏ္ျပဳအမွာစကားေျပာၾကားရာ ” မိမိတို႔ပါတီအေနျဖင့္ ထူးခၽြန္သူမ်ားကို ဆုခ်ီးျမင့္ရာ ယခုအႀကိမ္ႏွင့္ဆိုလၽွင္ ၁၂ ႀကိမ္ရွိၿပီျဖစ္ေၾကာင္း၊ ထူးျခားမႈအေနျဖင့္ ပါတီဌာနခ်ဳပ္တစ္ခုတည္းမဟုတ္ပဲ နိုင္ငံအဝွမ္းက ပါတီဝင္မ်ားရဲ့ ထူးခၽြန္ေသာ ရင္ေသြးငယ္မ်ားကိုပါ ခ်ီးျမႇင့္နိုင္သည့္အတြက္ မ်ားစြာဂုဏ္ယူမိပါေၾကာင္း၊ လမ္းခရီးခက္ခဲမႈနဲ႔လူအင္အားအခက္အခဲေၾကာင့္ ၃ ဘာသာဂုဏ္ထူးနဲ႔အထက္ကိုသာ ဌာနခ်ဳပ္ကိုဖိတ္ေခၚခ်ီးျမႇင့္နိုင္ေပမယ့္ က်န္ေသာထူးခၽြန္သူမ်ားကိုလည္း သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ ဥကၠ႒မ်ားနဲ႔ခ်ိတ္ဆက္ၿပီး တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္းခ်ီးျမႇင့္ေပးနိုင္ခဲ့ၿပီး စုစုေပါင္း ၈၂၈ ဦး ခ်ီးျမႇင့္နိုင္ခဲ့ပါေၾကာင္း၊ စာေပထူးခၽြန္သူမ်ားျဖစ္သလို မိမိပါတီဝင္မ်ား၏ ရင္ေသြးငယ္မ်ားျဖစ္သည့္အတြက္ မိမိတို႔ပါတီရဲ့ သမိုင္းေၾကာင္းနဲ႔ လက္ရွိ ျဖစ္ေပၚေနေသာအေျခအေနမ်ားကို နားလည္ၾကရန္လိုေၾကာင္း၊ ပညာေခတ္​ျဖစ္လို႔ ေခတ္ႏွင့္အညီေျပာင္းလဲတိုးတက္ေနေသာ ပညာရပ္မ်ားႏွင့္အတူ IT ပညာရပ္မ်ားကိုလည္း သိရွိနားလည္ထားဖို႔လိုေၾကာင္း၊ ထူးခၽြန္ေသာ ေက်ာင္းသားေက်ာင္းသူမ်ားျဖစ္လို႔ နိုင္ငံေတာ္ရဲ့အနာဂတ္အတြက္ နိုင္ငံေတာ္နဲ႔အတူ ကၽြန္ေတာ္တို႔ပါတီက ယုံၾကည္အားထားေမၽွာ္လင့္ပါေၾကာင္း၊ ျမန္မာနိုင္ငံရဲ့ အခ်ဳပ္အျခာအာ႑ာပိုင္နက္ နယ္ေျမကိုအေလးထား နိုင္ငံကိုခ်စ္တဲ့ စံျပလူေတာ္လူးေကာင္ေတြျဖစ္ေအာင္ ႀကိဳးစားဖို႔​လိုေၾကာင္း ” မွာ​ၾကားခဲ့ပါသည္။
ထို႔ေနာက္ ဂုဏ္ျပဳဆုမ်ားအား ေပးအပ္ခ်ီးျမႇင့္ရာ နိုင္ငံေတာ္အဆင့္ၿပိဳင္ပြဲမ်ားတြင္ ထူးခၽြန္ဆုရရွိသူ ၄ ဦး၊ ၆ ဘာသာ ဂုဏ္ထူးရွင္ ၄ ဦးအား ပါတီဥကၠ႒ ဦးခင္ရီကလည္းေကာင္း၊ ၆ ဘာသာဂုဏ္ထူးရွင္ ၅ ဦးအား ပါတီဥကၠ႒၏ ဇနီးျဖစ္သူ ေဒၚခင္ေမစိုးကလည္းေကာင္း၊ ၅ ဘာသာ ဂုဏ္ထူးရွင္ ၂ ဦးအား ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းကလည္းေကာင္း၊ ၅ ဘာသာ ဂုဏ္ထူးရွင္ ၂ ဦးအား ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၏ ဇနီး ​​ေဒၚေထြးေထြးညြန္႔ကလည္းေကာင္း၊ ၄ ဘာသာ ဂုဏ္ထူးရွင္ ၅ ဦးအား ဒုတိယဥကၠ႒ ဦးလွထြန္းကလည္းေကာင္း၊ ၄ ဘာသာ ဂုဏ္ထူးရွင္ ၅ ဦးအား ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းကလည္းေကာင္း၊ ၃ ဘာသာ ဂုဏ္ထူးရွင္ ၅ ဦးအား အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးကလည္းေကာင္း၊ ၃ ဘာသာ ဂုဏ္ထူးရွင္ ၂ ဦးအား တြ​ဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ကလည္းေကာင္း၊ ၃ ဘာသာ ဂုဏ္ထူးရွင္ ၂ ဦးအား ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းကလည္းေကာင္း၊ ၃ ဘာသာ ဂုဏ္ထူးရွင္ ၁ ဦးအား ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္ကလည္းေကာင္း၊ ၂ ဘာသာ ဂုဏ္ထူးရွင္ ၂ ဦးအား ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးကလည္းေကာင္း၊ ၁ ဘာသာ ဂုဏ္ထူးရွင္ ၁ ဦးႏွင့္ ရိုးရိုးေအာင္ ၁ ဦးအား ဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးကလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကပါသည္။
၎ေနာက္ေက်ာင္းသား/ ေက်ာင္းသူမ်ား၏ ကိုယ္စား ေက်ာင္းသား ေမာင္ခန္႔ေဇယ်ာထူး၊ ေက်ာင္းသူ မအိေျႏၵရႊန္းလဲ့ တို႔က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့ၿပီး ဆုရရွိသူေက်ာင္းသား/ ေက်ာင္းသူမ်ားက ဇာတိမာန္သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ၾကပါသည္။ ထို႔ေနာက္ ပါတီအႀကီးအကဲမ်ားႏွင့္ ဆုရရွိသူမ်ား စုေပါင္းမွတ္တမ္းဓာတ္ပုံရိုက္ကူးၾကၿပီး အခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပညာရည္ခၽြန္ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းႏွင့္ဇနီး၊ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ ဇနီးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးႏွင့္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ ထူးခၽြန္ဆုရရွိၾကတဲ့ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပညာရည်ချွန်ဆု ချီးမြှင့်ပွ​ဲ​​အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
=======================================
သြဂုတ် ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၀၉၄၅ အချိန်မှ နေ့လည် ၁၁၄၅ အချိန်ထိ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ပါတီဝင်များ၏ ရင်သွေးငယ် ကျောင်းသား/ ကျောင်းသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ ဆို က ရေး တီး ဆုရရှိသူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးမှ မြန်မာ့ကျောင်းသားသီချင်းအား ဂုဏ်ပြုသီဆို ဖျော်ဖြေကြပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဂုဏ်ပြုအမှာစကားပြောကြားရာ ” မိမိတို့ပါတီအနေဖြင့် ထူးချွန်သူများကို ဆုချီးမြင့်ရာ ယခုအကြိမ်နှင့်ဆိုလျှင် ၁၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ထူးခြားမှုအနေဖြင့် ပါတီဌာနချုပ်တစ်ခုတည်းမဟုတ်ပဲ နိုင်ငံအဝှမ်းက ပါတီဝင်များရဲ့ ထူးချွန်သော ရင်သွေးငယ်များကိုပါ ချီးမြှင့်နိုင်သည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ လမ်းခရီးခက်ခဲမှုနဲ့လူအင်အားအခက်အခဲကြောင့် ၃ ဘာသာဂုဏ်ထူးနဲ့အထက်ကိုသာ ဌာနချုပ်ကိုဖိတ်ခေါ်ချီးမြှင့်နိုင်ပေမယ့် ကျန်သောထူးချွန်သူများကိုလည်း သက်ဆိုင်ရာနယ်မြေများအလိုက် ဥက္ကဋ္ဌများနဲ့ချိတ်ဆက်ပြီး တစ်ချိန်တည်းတစ်ပြိုင်တည်းချီးမြှင့်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ၈၂၈ ဦး ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ စာပေထူးချွန်သူများဖြစ်သလို မိမိပါတီဝင်များ၏ ရင်သွေးငယ်များဖြစ်သည့်အတွက် မိမိတို့ပါတီရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများကို နားလည်ကြရန်လိုကြောင်း၊ ပညာခေတ်​ဖြစ်လို့ ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသော ပညာရပ်များနှင့်အတူ IT ပညာရပ်များကိုလည်း သိရှိနားလည်ထားဖို့လိုကြောင်း၊ ထူးချွန်သော ကျောင်းသားကျောင်းသူများဖြစ်လို့ နိုင်ငံတော်ရဲ့အနာဂတ်အတွက် နိုင်ငံတော်နဲ့အတူ ကျွန်တော်တို့ပါတီက ယုံကြည်အားထားမျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏ္ဍာပိုင်နက် နယ်မြေကိုအလေးထား နိုင်ငံကိုချစ်တဲ့ စံပြလူတော်လူးကောင်တွေဖြစ်အောင် ကြိုးစားဖို့​လိုကြောင်း ” မှာ​ကြားခဲ့ပါသည်။
ထို့နောက် ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ ၄ ဦး၊ ၆ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးအား ပါတီဥက္ကဋ္ဌ ဦးခင်ရီကလည်းကောင်း၊ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဦးအား ပါတီဥက္ကဋ္ဌ၏ ဇနီးဖြစ်သူ ဒေါ်ခင်မေစိုးကလည်းကောင်း၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းကလည်းကောင်း၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၏ ဇနီး ​​ဒေါ်ထွေးထွေးညွန့်ကလည်းကောင်း၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၅ ဦးအား ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကလည်းကောင်း၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၅ ဦးအား ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းကလည်းကောင်း၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၅ ဦးအား အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးကလည်းကောင်း၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား တွ​ဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်ကလည်းကောင်း၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းကလည်းကောင်း၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁ ဦးအား ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်ကလည်းကောင်း၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကလည်းကောင်း၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁ ဦးနှင့် ရိုးရိုးအောင် ၁ ဦးအား ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
၎င်းနောက်ကျောင်းသား/ ကျောင်းသူများ၏ ကိုယ်စား ကျောင်းသား မောင်ခန့်ဇေယျာထူး၊ ကျောင်းသူ မအိန္ဒြေရွှန်းလဲ့ တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဆုရရှိသူကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ပါတီအကြီးအကဲများနှင့် ဆုရရှိသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်ဇနီး၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့် ဇနီးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးနှင့် ဦးစီးရုံးအဖွဲ့ဝင်များ၊ ထူးချွန်ဆုရရှိကြတဲ့ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။