မဲေဆာက္တြင္ ျမန္မာနိုင္ငံသို႔ ပို႔ေဆာင္မည့္ ဒ႐ုန္း (၆၂ )စင္း ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းမိ

ထိုင္းနိုင္ငံ ၊မဲေဆာက္တြင္ ျမန္မာနိုင္ငံသို႔ ပို႔ေဆာင္မည့္ ဒ႐ုန္း (၆၂ )စင္းႏွင့္ဆက္စပ္ပစၥည္းမ်ားကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းနိုင္ငံမီဒီယာမ်ား၏ သတင္းေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါ ဒ႐ုန္း (၆၂ )စင္းႏွင့္ဆက္စပ္ပစၥည္းမ်ားကို ယခုလ ဩဂုတ္(၁၁)ရက္မြန္းလြဲပိုင္းက မဲေဆာက္ၿမိဳ႕၊ ေဟြးဟိုေက်းရြာအနီးတြင္ ထိုင္းရဲတပ္ဖြဲ႕မွ လုံျခဳံေရးစစ္ေဆးေနစဥ္ ယာဥ္တစ္စီးအား ရပ္တန႔္စစ္ေဆးခဲ့ရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီးရမိသည့္ စာရင္းမ်ားေဖာ္ျပခ်က္အရ ေမာင္းသူမဲ့ ေဝဟင္ယာဥ္(ဒ႐ုန္း) UAV အမွတ္တံဆိပ္ X-U AV ေမာ္ဒယ္ Talon အစီး (၆၀) ၊ DJI Mavic (၂)စီး၊ DJI ဘကၳရီ (၃၅) လုံးႏွင့္ UAV ေမာ္တာ (၄၆) လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ျမဝတီမဲေဆာက္ၿမိဳ႕အတြင္း ျမန္မာနိုင္ငံသို႔ပို႔ေဆာင္မည့္ တရားမဝင္လက္နက္ခဲယမ္းႏွင့္ တိုက္ခိုက္ေရး ဒ႐ုန္းမ်ားကို ထိုင္းရဲတပ္ဖြဲ႕က မၾကာခဏ စစ္ေဆးဖမ္းဆီးရမိေနျခင္းျဖစ္သည္။


မဲဆောက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်း (၆၂ )စင်း နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
*******************
ထိုင်းနိုင်ငံ ၊မဲဆောက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်း (၆၂ )စင်းနှင့်ဆက်စပ်ပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ ဒရုန်း (၆၂ )စင်းနှင့်ဆက်စပ်ပစ္စည်းများကို ယခုလ ဩဂုတ်(၁၁)ရက်မွန်းလွဲပိုင်းက မဲဆောက်မြို့၊ ဟွေးဟိုကျေးရွာအနီးတွင် ထိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးစစ်ဆေးနေစဉ် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိသည့် စာရင်းများဖော်ပြချက်အရ မောင်းသူမဲ့ ဝေဟင်ယာဉ်(ဒရုန်း) UAV အမှတ်တံဆိပ် X-U AV မော်ဒယ် Talon အစီး (၆၀) ၊ DJI Mavic (၂)စီး၊ DJI ဘက္ထရီ (၃၅) လုံးနှင့် UAV မော်တာ (၄၆) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြဝတီမဲဆောက်မြို့အတွင်း မြန်မာနိုင်ငံသို့ပို့ဆောင်မည့် တရားမဝင်လက်နက်ခဲယမ်းနှင့် တိုက်ခိုက်ရေး ဒရုန်းများကို ထိုင်းရဲတပ်ဖွဲ့က မကြာခဏ စစ်ဆေးဖမ်းဆီးရမိနေခြင်းဖြစ်သည်။