



ပယ်လ်မားကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ချဲလ်ဆီး
*****************

ချယ်လ်ဆီးအသင်းသည် အသင်း၏ အဓိက ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ (၂၂ နှစ်)အား ၂၀၃၃ ခုနှစ်အထိသက်တမ်းရှိမည့် (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ပယ်လ်မားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၇ ဂိုးသွင်းကာ ဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး PFA တစ်နှစ်တာအကောင်းဆုံးဆုနဲ့ အကောင်းဆုံးလူငယ်ဆုအတွက် ဆန်ကာတင်စာရင်းတွေမှာ ပါဝင်နေသူလည်းဖြစ်ပါတယ်။