ေဆာ္ဒီကလပ္အသင္း၏ ယူရို(၁)ဘီလီယံတန္ ကမ္းလွမ္းမႈကို ျငင္းလိုက္တဲ့ ဗင္နီစီယပ္စ္

ရီးယဲလ္အသင္းမွ ဘရာဇီးလ္တိုက္စစ္ကစားသမား ဗင္နီစီယပ္စ္သည္ ေဆာ္ဒီကလပ္ အယ္လ္အာလီအသင္း၏ ယူရို(၁)ဘီလီယံတန္ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။

ဗင္နီစီယပ္စ္(၂၄ ႏွစ္)သည္ ရီးယဲလ္မက္ဒရစ္အသင္း၏ အဓိကတိုက္စစ္ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပေနသူျဖစ္ေသာ္လည္း ျပင္သစ္တိုက္စစ္မႉး ဘာေပ ေရာက္ရွိလာျခင္းႏွင့္ စပိန္ပရိသတ္မ်ား၏ လူမ်ိဳးေရးခြဲျခားမႈမ်ားေၾကာင့္ အသင္းေျပာင္းေရႊ႕ဖြယ္ရွိေၾကာင္း ထင္ေၾကးေပးမႈမ်ားရွိေနပါတယ္။

ယင္းအေျခအေနတြင္ အယ္လ္အာလီအသင္းက ၎အား (၅) ႏွစ္စာခ်ဳပ္အတြက္ ယူရို(၁)ဘီလီယံေပးမည္ဟု ကမ္းလွမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အယ္လ္အာလီအသင္းက ဗင္နီစီယပ္စ္အား တစ္ႏွစ္လစာ ယူရိုသန္း (၂၀၀)ႏႈန္းျဖင့္ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းခဲ့ျခင္းျဖစ္ၿပီး ေဆာ္ဒီနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိရန္ ေသခ်ာသေလာက္ျဖစ္ေနသည့္ ၂၀၃၄ ကမၻာ့ဖလားၿပိဳင္ပြဲ၌ သံတမန္တစ္ဦးအျဖစ္ ခန႔္အပ္သြားရန္လည္း ရည္ရြယ္ထားေၾကာင္း သိရပါတယ္။

သို႔ေသာ္ ရီးယဲလ္အသင္းႏွင့္ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ ဗင္နီစီယပ္စ္က အဆိုပါကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။

ဗင္နီစီယပ္စ္သည္ ရီးယဲလ္အသင္းႏွင့္ ယူရို(၁)ဘီလီယံတန္ ေလ်ာ္ေၾကးစာခ်ဳပ္ ခ်ဳပ္ဆိုထားသူျဖစ္ေသာေၾကာင့္ ရီးယဲလ္အသင္းကလည္း ၎ကို အလြယ္တကူထြက္ခြာခြင့္ျပဳဖြယ္မရွိေၾကာင္း သိရပါတယ္။

ဗင္နီစီယပ္စ္သည္ Ballon d’Or ဆု ရယူနိုင္ရန္ ေမၽွာ္မွန္းထားေသာေၾကာင့္ ရီးယဲလ္အသင္းတြင္သာ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားရန္ ဆႏၵရွိေနေၾကာင္း သိရပါတယ္။


ဆော်ဒီကလပ်အသင်း၏ ယူရို(၁)ဘီလီယံတန် ကမ်းလှမ်းမှုကို ငြင်းလိုက်တဲ့ ဗင်နီစီယပ်စ်
*******************
ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ယူရို(၁)ဘီလီယံတန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်(၂၄ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာခြင်းနှင့် စပိန်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေပါတယ်။

ယင်းအခြေအနေတွင် အယ်လ်အာလီအသင်းက ၎င်းအား (၅) နှစ်စာချုပ်အတွက် ယူရို(၁)ဘီလီယံပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အယ်လ်အာလီအသင်းက ဗင်နီစီယပ်စ်အား တစ်နှစ်လစာ ယူရိုသန်း (၂၀၀)နှုန်းဖြင့် (၅)နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် သေချာသလောက်ဖြစ်နေသည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ သံတမန်တစ်ဦးအဖြစ် ခန့်အပ်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။

သို့သော် ရီးယဲလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဗင်နီစီယပ်စ်က အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းနှင့် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူဖြစ်သောကြောင့် ရီးယဲလ်အသင်းကလည်း ၎င်းကို အလွယ်တကူထွက်ခွာခွင့်ပြုဖွယ်မရှိကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်သည် Ballon d’Or ဆု ရယူနိုင်ရန် မျှော်မှန်းထားသောကြောင့် ရီးယဲလ်အသင်းတွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားသွားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။