အိမ္ရွင္ထိုင္းဖိုက္တာ နာဘီးလ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ သံမဏိစိုးလင္းဦး

ONE၏ ပြဲစဥ္တစ္ေလၽွာက္ ရႈံးပြဲမရွိ‌ေသးသည့္ ရိုးရာဖိုက္တာ သံမဏိစိုးလင္းဦး ပြဲစဥ္ကို လာမည့္ စက္တင္ဘာ(၂၇)ရက္တြင္ ျပဳလုပ္မည္ျဖစ္ၿပီးေၾကာင္း မေန႔က ညေနပိုင္းတြင္ ONEက တရားဝင္အသိေပးေၾကညာလိုက္ၿပီျဖစ္ပါတယ္။
စိုးလင္းဦးအေနျဖင့္ ၿပိဳင္ဖက္ျဖစ္သူ နာဘီးလ္ႏွင့္ ONE Friday Fights 81 ပြဲစဥ္၏ ဘန္တမ္ဝိတ္တန္း တြင္ ယွဥ္ၿပိဳင္ထိုးသတ္ၾကမည္ျဖစ္ၿပီး၊ ၎တို႔ႏွစ္ဦး၏ အနိုင္ရရွိမႈႏႈန္းကို မည္သူ သက္တမ္းတိုးမည္နည္းဟု ONE ဘက္က ဆိုထားပါတယ္။
ပြဲစဥ္အား စက္တင္ဘာ (၂၇ )ရက္ ည (၇)ခြဲအခ်ိန္တြင္က်င္းပျပဳလုပ္မည္ျဖစ္ကာ၊ ၿပိဳင္ဘက္ႏွစ္ဦး၏ ေဆးစစ္ဝိတ္ခ်ိန္မည့္ ရက္ကို အသိေပးခ်က္တြင္ ‌ေဖာ္ျပထားျခင္းမရွိေပ။
စိုးလင္းဦးသည္ One Friday Fight 69 ပြဲစဥ္အတြင္း ေမြထိုင္း ဖိုက္တာ ပြန္ဆရီကို တတိယေျမာက္ပြဲအျဖစ္ အလဲထိုးအနိုင္ရၿပီး‌ေနာက္ ေဒၚလာ တစ္သိန္းတန္စာခ်ဳပ္ကမ္းလွမ္းခံခဲ့ရၿပီးေနာက္ သူ၏ စတုတၳေျမာက္ပြဲအား ONEက စီစဥ္ခဲ့ျခင္းျဖစ္ပါတယ္။
ရိုးရာဖိုက္တာစိုးလင္းဦးသည္ ONE ကျပဳလုပ္သည့္ Friday Fight 69 ပြဲစဥ္ျဖင့္ဆိုလၽွင္ ရႈံးပြဲမရွိ (၃)ပြဲဆက္တိုက္ အနိုင္ရရွိခဲ့ျခင္းလည္းျဖစ္ပါတယ္။


အိမ်ရှင်ထိုင်းဖိုက်တာ နာဘီးလ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် သံမဏိစိုးလင်းဦး
*****************
ONE၏ ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိ‌သေးသည့် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦး ပွဲစဉ်ကို လာမည့် စက်တင်ဘာ(၂၇)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီးကြောင်း မနေ့က ညနေပိုင်းတွင် ONEက တရားဝင်အသိပေးကြေညာလိုက်ပြီဖြစ်ပါတယ်။
စိုးလင်းဦးအနေဖြင့် ပြိုင်ဖက်ဖြစ်သူ နာဘီးလ်နှင့် ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်း တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦး၏ အနိုင်ရရှိမှုနှုန်းကို မည်သူ သက်တမ်းတိုးမည်နည်းဟု ONE ဘက်က ဆိုထားပါတယ်။
ပွဲစဉ်အား စက်တင်ဘာ (၂၇ )ရက် ည (၇)ခွဲအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ ပြိုင်ဘက်နှစ်ဦး၏ ဆေးစစ်ဝိတ်ချိန်မည့် ရက်ကို အသိပေးချက်တွင် ‌ဖော်ပြထားခြင်းမရှိပေ။
စိုးလင်းဦးသည် One Friday Fight 69 ပွဲစဉ်အတွင်း မွေထိုင်း ဖိုက်တာ ပွန်ဆရီကို တတိယမြောက်ပွဲအဖြစ် အလဲထိုးအနိုင်ရပြီး‌နောက် ဒေါ်လာ တစ်သိန်းတန်စာချုပ်ကမ်းလှမ်းခံခဲ့ရပြီးနောက် သူ၏ စတုတ္ထမြောက်ပွဲအား ONEက စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
ရိုးရာဖိုက်တာစိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့်ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။