ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အပတ္စဥ္ Book Review Section ျပဳလုပ္

ဩဂုတ္ ၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးမွ ႀကီးမႉး၍ အပတ္စဥ္ျပဳလုပ္ေသာ စာဖတ္ရွိန္ျမႇင့္တင္ေရး အစီအစဥ္တစ္ရပ္ျဖစ္သည့္ Book Review Section ကို ၈-၈-၂၀၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးမ်ားႏွင့္ ဒုတိယဌာနမႉးမ်ား၊ စာအုပ္စာေပ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ၾကပါသည္။
အဆိုပါအစီအစဥ္တြင္ ဌာနမႉး ဦးေဇာ္လြင္ခိုင္မွ “႐ုရွားႏွာေခါင္းတစ္ဘက္နဲ႔ ဥေရာပသားတို႔အသက္ရႈျခင္း(သို႔မဟုတ္)အဆုံးအျဖတ္ေပးမယ့္ အားစမ္းပြဲ” စာအုပ္၊ ဌာနမႉး ဦးေက်ာ္သူရမွ “တတိယကမၻာမွ ပထမကမၻာသို႔” စာအုပ္တို႔ႏွင့္ပတ္သက္ၿပီး ရွင္းလင္းေဆြးေႏြးၾကရာ တက္ေရာက္လာၾကသူမ်ားမွ ေဆြးေႏြးအႀကံျပဳခဲ့ၾကပါသည္။
၎ေနာက္ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဦးျမတ္ဟိန္း၊ ပါတီဥကၠ႒ ဦးခင္ရီတို႔မွ ေဆြးေႏြးသည့္စာအုပ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း သုံးသပ္ေဆြးေႏြးကာ လိုအပ္သည္မ်ားမွာၾကားခဲ့ပါသည္။ ထို႔ေနာက္ပါတီဥကၠ႒က ဦးေဆာင္ေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ားေပးအပ္ခဲ့ၿပီး Book Review Section ကို ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် Book Review Section ပြုလုပ်
=================================
ဩဂုတ် ၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးမှ ကြီးမှူး၍ အပတ်စဉ်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် Book Review Section ကို ၈-၈-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ စာအုပ်စာပေ စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။
အဆိုပါအစီအစဉ်တွင် ဌာနမှူး ဦးဇော်လွင်ခိုင်မှ “ရုရှားနှာခေါင်းတစ်ဘက်နဲ့ ဥရောပသားတို့အသက်ရှုခြင်း(သို့မဟုတ်)အဆုံးအဖြတ်ပေးမယ့် အားစမ်းပွဲ” စာအုပ်၊ ဌာနမှူး ဦးကျော်သူရမှ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” စာအုပ်တို့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီတို့မှ ဆွေးနွေးသည့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ထို့နောက်ပါတီဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ခဲ့ပြီး Book Review Section ကို ရုတ်သိမ်းခဲ့ပါသည်။