အစၥေရးေလပိုင္နက္အတြင္း ခရီးသည္တင္ေလယာဥ္မ်ား ညပိုင္းပ်ံသန္းမႈကို ႐ုရွားပိတ္ပင္

ၾသဂုတ္ ၁၁

႐ုရွားေလေၾကာင္းလိုင္းမ်ားမွ ခရီးသည္တင္ေလ ယာဥ္မ်ားအေနျဖင့္ အစၥေရးေလပိုင္နက္အတြင္း ညပိုင္း ကာလ ပ်ံသန္းမႈမ်ားေရွာင္ရွားၾကရန္ ႐ုရွားအစိုးရက ဩဂုတ္လ ၉ ရက္တြင္ သတိ ေပးထားေၾကာင္းသိရသည္။

ဩဂုတ္လ ၉ ရက္မွစ၍ ဩဂုတ္လ ၁၆ ရက္အထိ ည ၁၀ နာရီႏွင့္ ၁ နာရီၾကားကာလအတြင္း အစၥေရးေလပိုင္နက္ကို အသုံးမျပဳရန္ ႐ုရွားအစိုးရေၾကညာ ခ်က္၌ ေဖာ္ျပထားသည္။

ဟားမတ္စ္ေခါင္းေဆာင္ ဟာနီယာ လုပ္ႀကံခံရမႈအတြက္ အစၥေရးကို တုံ႔ျပန္ခဲ့ပါက ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ရန္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ က အီရန္အစိုးရကို တိုက္တြန္းခဲ့ၿပီးေနာက္ ႐ုရွားအစိုးရက ႐ုရွား ေလေၾကာင္းလိုင္းမ်ား အစၥေရးေလပိုင္နက္အတြင္း ညအခ်ိန္ပ်ံသန္းမႈကို ပိတ္ပင္ထားျခင္းျဖစ္ သည္။

လက္ရွိအခ်ိန္တြင္ အီရန္နိုင္ငံ၊ တီဟီရန္ၿမိဳ႕၌ ဟားမတ္စ္ေခါင္းေဆာင္ လုပ္ႀကံခံခဲ့ရၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသ၌ စစ္ေရးတင္းမာမႈမ်ား ျမင့္တက္လ်က္ရွိသည္။ ဟားမတ္စ္ေခါင္းေဆာင္ ဟာနီယာ လုပ္ႀကံခံရမႈအတြက္ အစၥေရးတြင္တာဝန္ရွိေၾကာင္း အီရန္ႏွင့္ မဟာမိတ္အုပ္စုမ်ားက ေျပာၾကားထားေသာ္လည္း အစၥေရးနိုင္ငံက ဟာနီယာ လုပ္ႀကံခံရမႈအတြက္ တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေၾကာင္း သိရသည္။


အစ္စရေးလေပိုင်နက်အတွင်း ခရီးသည်တင်လေယာဉ်များ ညပိုင်းပျံသန်းမှုကို ရုရှားပိတ်ပင်
=================
သြဂုတ် ၁၁

ရုရှားလေကြောင်းလိုင်းများမှ ခရီးသည်တင်လေ ယာဉ်များအနေဖြင့် အစ္စရေးလေပိုင်နက်အတွင်း ညပိုင်း ကာလ ပျံသန်းမှုများရှောင်ရှားကြရန် ရုရှားအစိုးရက ဩဂုတ်လ ၉ ရက်တွင် သတိ ပေးထားကြောင်းသိရသည်။

ဩဂုတ်လ ၉ ရက်မှစ၍ ဩဂုတ်လ ၁၆ ရက်အထိ ည ၁၀ နာရီနှင့် ၁ နာရီကြားကာလအတွင်း အစ္စရေးလေပိုင်နက်ကို အသုံးမပြုရန် ရုရှားအစိုးရကြေညာ ချက်၌ ဖော်ပြထားသည်။

ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရမှုအတွက် အစ္စရေးကို တုံ့ပြန်ခဲ့ပါက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် က အီရန်အစိုးရကို တိုက်တွန်းခဲ့ပြီးနောက် ရုရှားအစိုးရက ရုရှား လေကြောင်းလိုင်းများ အစ္စရေးလေပိုင်နက်အတွင်း ညအချိန်ပျံသန်းမှုကို ပိတ်ပင်ထားခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံခံခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရမှုအတွက် အစ္စရေးတွင်တာဝန်ရှိကြောင်း အီရန်နှင့် မဟာမိတ်အုပ်စုများက ပြောကြားထားသော်လည်း အစ္စရေးနိုင်ငံက ဟာနီယာ လုပ်ကြံခံရမှုအတွက် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။