မြန္လူမ်ိဳး ေဆာက္လုပ္ေရးလုပ္သားကနီဂရိုး ထိုင္းဖိုက္တာကို ပထမအခ်ီတြင္ အလဲထိုးျဖင့္ အနိုင္ရရွိ

ထိုင္းနိုင္ငံတြင္ ဩဂုတ္ ၁၀ ရက္က က်င္းပခဲ့သည့္ RWS လက္ေဝွ႕ၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳ မြန္လူမ်ိဳးဖိုက္တာ စမီေခါင္ Samingkhao (ေခၚ)နီဂရိုးက Preliminary Fight တြင္ ထိုင္းဖိုက္တာကို ပထမအခ်ီ၌ အလဲထိုးျဖင့္ အနိုင္ရရွိခဲ့ေၾကာင္း သိရသည္။
အသက္ (၃၂)ႏွစ္အရြယ္ရွိ စမီေခါင္အေနျဖင့္ ထိုင္းနိုင္ငံတြင္ ေဆာက္လုပ္ေရးေရႊ႕ေျပာင္းလုပ္သားအျဖစ္အလုပ္လုပ္ကိုင္ရာမွ ထိုင္းေဘာက္ဆင္ေလာက၏ နာမည္ႀကီး RWS ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးေနာက္ နာမည္ေက်ာ္ၾကားလာခဲ့ျခင္းျဖစ္သည္။
နာမည္ေက်ာ္ၾကားလာခဲ့သည့္ စမီေခါင္အား RWS (Rajadamnern World Series) ၿပိဳင္ပြဲက ဆက္သြယ္လာခဲ့ၿပီး RWS ေဘာက္ဆင္ၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွ ထိုင္းမီဒီယာမ်ား၏ ခ်ီးက်ဴးမႈရရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။


မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သားကနီဂရိုး ထိုင်းဖိုက်တာကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိ
**********************
ထိုင်းနိုင်ငံတွင် ဩဂုတ် ၁၀ ရက်က ကျင်းပခဲ့သည့် RWS လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု မွန်လူမျိုးဖိုက်တာ စမီခေါင် Samingkhao (ခေါ်)နီဂရိုးက Preliminary Fight တွင် ထိုင်းဖိုက်တာကို ပထမအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ စမီခေါင်အနေဖြင့် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးရွှေ့ပြောင်းလုပ်သားအဖြစ်အလုပ်လုပ်ကိုင်ရာမှ ထိုင်းဘောက်ဆင်လောက၏ နာမည်ကြီး RWS ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။
နာမည်ကျော်ကြားလာခဲ့သည့် စမီခေါင်အား RWS (Rajadamnern World Series) ပြိုင်ပွဲက ဆက်သွယ်လာခဲ့ပြီး RWS ဘောက်ဆင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာမှ ထိုင်းမီဒီယာများ၏ ချီးကျူးမှုရရှိနေခြင်းဖြစ်ကြောင်း သိရသည်။