စပိန္ဝါရင့္ဂိုးသမား ဒီေဟးယားကို ဖီအိုရင္တီးနားအသင္း ေခၚယူ

စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းသည္ အသင္းလက္မဲ့ျဖစ္ေနသည့္ စပိန္ဝါရင့္ဂိုးသမား ဒီေဟးယားအား အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူကာ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း (တစ္ႏွစ္ထပ္မံသက္တမ္းတိုးခြင့္ပါဝင္) အတည္ျပဳေၾကညာခဲ့သည္။

အသက္ (၃၃)ႏွစ္အရြယ္ရွိ ဒီေဟးယားသည္ ၿပီးခဲ့သည့္ ၂၀၂၃ ေႏြရာသီတြင္ မန္ယူအသင္းႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး တစ္ႏွစ္ေက်ာ္အၾကာတြင္မွ ဖီအိုရင္တီးနားအသင္းႏွင့္ စာခ်ဳပ္ခ်ဳပ္ ဆိုနိုင္ခဲ့ျခင္းျဖစ္သည္။

အက္သလက္တီကိုအသင္းအကယ္ဒမီထြက္ကစားသမားျဖစ္သူ ဒီေဟးယားသည္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝတစ္ေလၽွာက္ အက္သလက္တီကိုႏွင့္ မန္ယူအသင္းမ်ားတြင္ကစားခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈနဲ႔ တစ္ဦးခ်င္းေအာင္ ျမင္မႈမ်ားစြာကိုရယူနိုင္ခဲ့သူျဖစ္သည္။

သို႔ေသာ္ ဒီေဟးယားသည္ မန္ယူအသင္း နည္းျပျဖစ္သည့္ အဲရစ္တန္ဟက္ဂ္ႏွင့္ ဆက္ဆံေရးအဆင့္မေျပျဖစ္ၿပီးေနာက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ျဖတ္သန္းခဲ့သည့္ မန္ယူအသင္းႏွင့္ လမ္းခြဲခဲ့ျခင္းျဖစ္ၿပီး အီတလီေျမတြင္ ပေရာ္ဖက္ရွင္နယ္ကစားသမား ဘဝကို ျပန္လည္စတင္နိုင္ခဲ့ျခင္းျဖစ္သည္။

ဒီေဟးယားသည္ ၿပီးခဲ့သည့္ ၂၀၂၃ ေႏြရာသီကတည္းက စပိန္ကလပ္အသင္းအခ်ိဳ႕ႏွင့္ အေျပာင္းအေရႊ႕ သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း သေဘာတူညီမႈရရွိခဲ့ဘဲ ယခုေႏြရာသီတြင္မွ အသင္းသစ္ရရွိခဲ့ျခင္းျဖစ္သည္။


စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားကို ဖီအိုရင်တီးနားအသင်း ခေါ်ယူ
*****************************
စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း (တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်) အတည်ပြုကြေညာခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင်မှ ဖီအိုရင်တီးနားအသင်းနှင့် စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ ဒီဟေးယားသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် အက်သလက်တီကိုနှင့် မန်ယူအသင်းများတွင်ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုနဲ့ တစ်ဦးချင်းအောင် မြင်မှုများစွာကိုရယူနိုင်ခဲ့သူဖြစ်သည်။

သို့သော် ဒီဟေးယားသည် မန်ယူအသင်း နည်းပြဖြစ်သည့် အဲရစ်တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင့်မပြေဖြစ်ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းခဲ့သည့် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အီတလီမြေတွင် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက စပိန်ကလပ်အသင်းအချို့နှင့် အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သဘောတူညီမှုရရှိခဲ့ဘဲ ယခုနွေရာသီတွင်မှ အသင်းသစ်ရရှိခဲ့ခြင်းဖြစ်သည်။