ပါရီအိုလံပစ္တြင္ ကၽြမ္းဘားအားကစားျဖင့္ ေရႊတံဆိပ္ (၂) ဆု ရယူေပးခဲ့သည့္ ကစားသမားကို တစ္သက္သာ ခံစားခြင့္မ်ားေပး

ယခုႏွစ္ ပါရီအိုလံပစ္ ပြဲေတာ္အတြင္း ဖိလစ္ပိုင္နိုင္ငံအတြက္ ကၽြမ္းဘားအားကစားျဖင့္ ေရႊတံဆိပ္(၂)ဆု ရယူေပးခဲ့သည့္ ဖိလစ္ပိုင္ ကစားသမား ကားလို႔စ္ယူလိုကို ဖိလစ္ပိုင္လုပ္ငန္းရွင္မ်ားက တစ္သက္တာ ခံစားခြင့္ဆု ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အသက္(၂၄)ႏွစ္ အရြယ္ ကားလို႔စ္ယူလို သည္ ဖိလစ္ပိုင္နိုင္ငံအတြက္ ေရႊတံဆိပ္ (၂)ခု ရယူေပးထားၿပီး၊ အဆိုပါ (၂)ဆုမွာ Floor Exercise ႏွင့္ Vault ကၽြမ္းဘားအားကစားျဖင့္ပင္ ရယူေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အား ဖိလစ္ပိုင္ ျပည္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားက ဆုမ်ားေပးရန္ ကမ္းလွမ္းခဲ့ၿပီး ယင္းတို႔အနက္ အင္ဂ်င္နီယာ ဘာသာရပ္ကို အခမဲ့သင္ယူခြင့္အပါအဝင္ အသက္ (၄၅)ႏွစ္အရြယ္မွစ၍ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း တ စ္သက္တာ အခမဲ့စစ္ေဆးျခင္း၊ ကြန္ဒိုအခန္းတစ္ခန္းေနအိမ္တစ္လုံး၊ အေမရိကန္ေဒၚလာ (၂)သိန္း၊ iPhone 16 တစ္လုံး၊ ဖိလစ္ပိုင္မုန႔္တိုက္တစ္ခုမွ ကြတ္ကီးမ်ားကို တစ္သက္တာ အခမဲ့စားသုံးခြင့္အျပင္ ဖိလစ္ပိုင္ရွိ စားေသာက္ဆိုင္မ်ားစြာမွ အစားအေသာက္မ်ား တစ္သက္တာ အခမဲ့စားသုံးခြင့္ကို ေပးအပ္ခဲ့ျခင္းျဖစ္သည္။
ဖိလစ္ပိုင္နိုင္ငံသည္ အိုလံပစ္သမိုင္းတစ္ေလၽွာက္ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲအတြင္း အမ်ိဳးသမီး အေလးမအားကစား၌ ေရႊတံဆိပ္(၁)ခုတည္းသာ ရရွိခဲ့ၿပီး ယခုႏွစ္ ပါရီအိုလံပစ္ပြဲေတာ္တြင္ ကားလို႔စ္ယူလို မွ ေရႊတံဆိပ္(၂)ဆု ရယူေပးခဲ့ျခင္းေၾကာင့္ ဖိလစ္ပိုင္နိုင္ငံ အိုလံပစ္သမိုင္း အေအာင္ျမင္ဆုံး အားကစားသမားျဖစ္လာခဲ့သည္။
ယခုႏွစ္ အိုလံပစ္ပြဲအတြင္း အေရွ႕ေတာင္အာရွ နိုင္ငံမ်ားမွ ေရႊတံဆိပ္(၃)ခုရယူထားၿပီး ထိုင္းနိုင္ငံက အမ်ိဳးသမီး တိုက္ကြမ္ဒိုမွာ(၁)ဆု ၊ ဖိလစ္ပိုင္နိုင္ငံက အမ်ိဳးသား ကၽြမ္းဘားမွာ (၂)ဆု ရယူေပးနိုင္ခဲ့ေၾကာင္း သိရသည္။


ပါရီအိုလံပစ်တွင် ကျွမ်းဘားအားကစားဖြင့် ရွှေတံဆိပ် (၂) ဆု ရယူပေးခဲ့သည့် ကစားသမားကို တစ်သက်သာ ခံစားခွင့်များပေး
*************************
ယခုနှစ် ပါရီအိုလံပစ် ပွဲတော်အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် ကျွမ်းဘားအားကစားဖြင့် ရွှေတံဆိပ်(၂)ဆု ရယူပေးခဲ့သည့် ဖိလစ်ပိုင် ကစားသမား ကားလို့စ်ယူလိုကို ဖိလစ်ပိုင်လုပ်ငန်းရှင်များက တစ်သက်တာ ခံစားခွင့်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၂၄)နှစ် အရွယ် ကားလို့စ်ယူလို သည် ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေတံဆိပ် (၂)ခု ရယူပေးထားပြီး၊ အဆိုပါ (၂)ဆုမှာ Floor Exercise နှင့် Vault ကျွမ်းဘားအားကစားဖြင့်ပင် ရယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ဖိလစ်ပိုင် ပြည်သူများနှင့် လုပ်ငန်းရှင်များက ဆုများပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းတို့အနက် အင်ဂျင်နီယာ ဘာသာရပ်ကို အခမဲ့သင်ယူခွင့်အပါအဝင် အသက် (၄၅)နှစ်အရွယ်မှစ၍ အစာအိမ်နှင့် အူလမ်းကြောင်း တ စ်သက်တာ အခမဲ့စစ်ဆေးခြင်း၊ ကွန်ဒိုအခန်းတစ်ခန်းနေအိမ်တစ်လုံး၊ အမေရိကန်ဒေါ်လာ (၂)သိန်း၊ iPhone 16 တစ်လုံး၊ ဖိလစ်ပိုင်မုန့်တိုက်တစ်ခုမှ ကွတ်ကီးများကို တစ်သက်တာ အခမဲ့စားသုံးခွင့်အပြင် ဖိလစ်ပိုင်ရှိ စားသောက်ဆိုင်များစွာမှ အစားအသောက်များ တစ်သက်တာ အခမဲ့စားသုံးခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် အိုလံပစ်သမိုင်းတစ်လျှောက် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွင်း အမျိုးသမီး အလေးမအားကစား၌ ရွှေတံဆိပ်(၁)ခုတည်းသာ ရရှိခဲ့ပြီး ယခုနှစ် ပါရီအိုလံပစ်ပွဲတော်တွင် ကားလို့စ်ယူလို မှ ရွှေတံဆိပ်(၂)ဆု ရယူပေးခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်သမိုင်း အအောင်မြင်ဆုံး အားကစားသမားဖြစ်လာခဲ့သည်။
ယခုနှစ် အိုလံပစ်ပွဲအတွင်း အရှေ့တောင်အာရှ နိုင်ငံများမှ ရွှေတံဆိပ်(၃)ခုရယူထားပြီး ထိုင်းနိုင်ငံက အမျိုးသမီး တိုက်ကွမ်ဒိုမှာ(၁)ဆု ၊ ဖိလစ်ပိုင်နိုင်ငံက အမျိုးသား ကျွမ်းဘားမှာ (၂)ဆု ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။