စပိန္လက္ေရြးစင္ကြင္းလယ္လူ ဒါနီေအာ္လ္မိုအား ေခၚယူရန္သေဘာတူညီမႈရရွိ

ဘာစီလိုနာအသင္းသည္ လိုက္ပ္ဇစ္အသင္းမွ စပိန္လက္ေရြးစင္ကြင္းလယ္လူ ဒါနီေအာ္လ္မိုအားေခၚယူရန္သေဘာတူညီမႈရခဲ့ၿပီျဖစ္ေၾကာင္း နာမည္ေက်ာ္အားကစားသတင္းေထာက္ ဖာဘရီဇီယိုရိုမာနိုကေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာအသင္းသည္ ေအာ္လ္မိုအားေခၚယူရန္အတြက္ ကာလရွည္ႀကိဳးပမ္းခဲ့ျဖင္းျဖစ္ၿပီး ယူရို-၂၀၂၄ ၿပိဳင္ပြဲအၿပီးတြင္ အေျပာင္းအေရႊ႕အတြက္ေဆြးေႏြးမႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။
လက္ရွိတြင္ ႏွစ္ဘက္အသင္းတာဝန္ရွိသူမ်ားႏွင့္ ကစားသမား၏ေအးဂ်င့္ျဖစ္သူတို႔ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ အေျပာင္းအေရႊ႕ကိုသေဘာတူညီခဲ့ျခင္းျဖစ္ၿပီး ဘာစီလိုနာအသင္းဒါရိုက္တာေဒကိုမွ ဦးေဆာင္ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
ဘာစီလိုနာအသင္းသည္ ေအာ္လ္မိုအတြက္ ေျပာင္းေရႊ႕ေၾကးယူရို (၅၅)သန္း+ Add-ons (၇)သန္းေပးေခ်သြားမည္ျဖစ္ၿပီး ၂၀၃၀ ခုႏွစ္အထိသက္တမ္းရွိမည့္ (၆)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမည္ျဖစ္ေၾကာင္းသိရပါတယ္။


စပိန်လက်ရွေးစင်ကွင်းလယ်လူ ဒါနီအော်လ်မိုအား ခေါ်ယူရန်သဘောတူညီမှုရရှိ
***********************
ဘာစီလိုနာအသင်းသည် လိုက်ပ်ဇစ်အသင်းမှ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဒါနီအော်လ်မိုအားခေါ်ယူရန်သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်အားကစားသတင်းထောက် ဖာဘရီဇီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းသည် အော်လ်မိုအားခေါ်ယူရန်အတွက် ကာလရှည်ကြိုးပမ်းခဲ့ဖြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင် နှစ်ဘက်အသင်းတာဝန်ရှိသူများနှင့် ကစားသမား၏အေးဂျင့်ဖြစ်သူတို့ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် အပြောင်းအရွှေ့ကိုသဘောတူညီခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းဒါရိုက်တာဒေကိုမှ ဦးဆောင်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဘာစီလိုနာအသင်းသည် အော်လ်မိုအတွက် ပြောင်းရွှေ့ကြေးယူရို (၅၅)သန်း+ Add-ons (၇)သန်းပေးချေသွားမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိသက်တမ်းရှိမည့် (၆)နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်းသိရပါတယ်။