ဂ်ပန္မွ ျမန္မာလုပ္သား (၇၀၀) ေက်ာ္ကို အလုပ္ေခၚယူ

ဂ်ပန္နိုင္ငံရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား (၇၀၀) ေက်ာ္ကိုအလုပ္ေခၚယူထားေၾကာင္း ဂ်ပန္နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာသံ႐ုံးအေနျဖင့္ ဂ်ပန္နိုင္ငံရွိ ကုမၸဏီမ်ားက ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာ (၂၀၆) ခု၏ အခ်က္အလက္မ်ားကို စိစစ္ခဲ့ၿပီး နိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ စိစစ္ရာတြင္ ဂ်ပန္နိုင္ငံရွိ အလုပ္သမားႀကီးၾကပ္ေရး ကုမၸဏီႏွင့္ အလုပ္ေခၚယူသည့္ စက္႐ုံ /ကုမၸဏီမ်ား သည္ ဂ်ပန္နိုင္ငံတြင္ တရားဝင္ တည္ေထာင္ထားျခင္း ရွိ၊ မရွိ စာရြက္စာတမ္း အေထာက္အထားမ်ားႏွင့္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းတြင္လည္း ဂ်ပန္နိုင္ငံရွိ စက္႐ုံ၊အလုပ္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား ၁၀၀၀ ေက်ာ္ကို ေခၚယူခဲ့ေၾကာင္းလည္း သိရသည္။


ဂျပန်မှ မြန်မာလုပ်သား (၇၀၀) ကျော်ကို အလုပ်ခေါ်ယူ
**************
ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀၀) ကျော်ကိုအလုပ်ခေါ်ယူထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၂၀၆) ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ /ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများနှင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁၀၀၀ ကျော်ကို ခေါ်ယူခဲ့ကြောင်းလည်း သိရသည်။