F-16 တိုက္ေလယာဥ္မ်ား စတင္အသုံးျပဳေနၿပီဟု ယူကရိန္းသမၼတဆို

စစ္ပြဲအတြင္း ယူကရိန္းေလယာဥ္မႉးမ်ားသည္ F-16 တိုက္ေလယာဥ္မ်ားကို စတင္ေမာင္းႏွင္ ပ်ံသန္းေနၿပီျဖစ္ေၾကာင္း သမၼတ ဇယ္လန္းစကီးကဆိုသည္။

ယူကရိန္းသည္ အေမရိကန္လုပ္ F-16 တိုက္ေလယာဥ္မ်ားရရွိရန္ ႏွစ္ႏွင့္ခ်ီေစာင့္ဆိုင္းလာခဲ့ၿပီးေနာက္ ၂ ႏွစ္ခြဲနီးပါးအၾကာတြင္ ေလယာဥ္မ်ားရရွိၿပီျဖစ္ေၾကာင္း ဇယ္လန္းစကီး ေလတပ္စခန္းတစ္ခုတြင္ ဩဂုတ္လ ၄ ရက္ေန႔က ေျပာၾကားခဲ့သည္။

သတင္း႐ုပ္သံမ်ားအရ ယူကရိန္းသမၼတဇယ္လန္းစကီးႏွင့္အတူ F-16 တိုက္ေလယာဥ္မ်ားပါ ျမင္ေတြ႕ခဲ့ရသည္။

ယူကရိန္စစ္ေျမျပင္တြင္ ႐ုရွားဘက္ကသာ ေလေၾကာင္းတိုက္ခိုက္မႈအမ်ားအျပားလုပ္ခံၿပီး ယူကရိန္းေဝဟင္ကို ႐ုရွားက စိုးမိုးထားသည္။


F-16 တိုက်လေယာဥ်များ စတင်အသုံးပြုနေပြီဟု ယူကရိန်းသမ္မတဆို
****************
စစ်ပွဲအတွင်း ယူကရိန်းလေယာဉ်မှူးများသည် F-16 တိုက်လေယာဥ်များကို စတင်မောင်းနှင် ပျံသန်းနေပြီဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးကဆိုသည်။

ယူကရိန်းသည် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များရရှိရန် နှစ်နှင့်ချီစောင့်ဆိုင်းလာခဲ့ပြီးနောက် ၂ နှစ်ခွဲနီးပါးအကြာတွင် လေယာဉ်များရရှိပြီဖြစ်ကြောင်း ဇယ်လန်းစကီး လေတပ်စခန်းတစ်ခုတွင် ဩဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။

သတင်းရုပ်သံများအရ ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်အတူ F-16 တိုက်လေယာဥ်များပါ မြင်တွေ့ခဲ့ရသည်။

ယူကရိန်စစ်မြေပြင်တွင် ရုရှားဘက်ကသာ လေကြောင်းတိုက်ခိုက်မှုအများအပြားလုပ်ခံပြီး ယူကရိန်းဝေဟင်ကို ရုရှားက စိုးမိုးထားသည်။