


ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အာဂျင်တီးနား ဖိုက်တာကို အနိုင်ရရှိ
====================
ဩဂုတ်(၄)ရက် ညနေပိုင်း အချိန်တွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် အာဂျင်တီးနား ဖိုက်တာ Florencia တို့ယှဉ်ပြိုင်ထိုးသ-တ်ရာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများနှင့် ကင်းကွာနေသည့် မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ် ဘရော်နီကာ‌သည် Thai Fight က ကျင်းပပြုလုပ်သည့် ယနေ့ပွဲစဉ်အတွင်း ပထမဆုံး ပြန်လည်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ပွဲစဉ်အတွင်း ဘရော်နီကာက လက်ရည်အသာစီးဖြင့် သုံးချီအပြည့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ပြီးနောက် ဒိုင်ပေးမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ ပွဲစဉ်တွင် တွဲဆိုင်း(၉)ဆိုင်း ပါဝင်ယှဉ် ပြိုင်ကစားခဲ့ကြပြီး မြန်မာကိုယ်စားပြု ထိုးသ-တ်ခဲ့သည့် ဘရော်နီကာ၏ ပွဲစဉ်သည် အဖွင့်ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်းဖြစ် သည်။