ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၃၁)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဇူလိုင္ ၃၁၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၁)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယမန္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္ အမႈေဆာင္ ဦးမ်ိဳး​ျမင့္မွ “ နိုင္ငံေတာ္ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ နယ္စပ္ေရးရာေဆာင္ရြက္ခ်က္မ်ား ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ရာ တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈ ေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးခဲ့ပါသည္။
ထိုေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ အေထြေထြအတြင္းေရးမႉး ႏွင့္ ဒုတိယဥကၠ႒တို႔မွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းႏွင့္ သုံးသပ္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၃၁)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဇူလိုင် ၃၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၁)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ် အမှုဆောင် ဦးမျိုး​မြင့်မှ “ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဆောင်ရွက်ချက်များ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှု ဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထိုနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယဥက္ကဋ္ဌတို့မှ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။