ဘိုေလာ့နာ ေနာက္ခံလူ ကာလာဖီအိုရီကို အာဆင္နယ္ ေခၚယူ

အာဆင္နယ္အသင္းဟာ ဘိုေလာ့နာအသင္းက အီတလီေနာက္ခံလူ ကာလာဖီအိုရီကို add-on ေၾကးအပါအဝင္ ေပါင္(၄၂)သန္းနဲ႔ ေခၚယူလိုက္ပါတယ္။ အသက္(၂၂)ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ကာလာဖီအိုရီဟာ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္(၃၃)ဂ်ာစီကို ဝတ္ဆင္မွာျဖစ္ပါတယ္။ ကာလာဖီအိုရီဟာ အာဆင္နယ္နဲ႔ အေျပာင္းအေရႊ႕ၿပီးေျမာက္ခဲ့ၿပီးေနာက္ အေမရိကန္မွာ အာဆင္နယ္အသင္းေဖာ္ေတြနဲ႔ ပူးေပါင္းခဲ့ပါတယ္။ ကာလာဖီအိုရီက “ဒီကို ေျပာင္းေရႊ႕နိုင္ခဲ့တဲ့အတြက္ တကယ့္ကို ေပ်ာ္ရႊင္မိပါတယ္။ ကၽြန္ေတာ္အမ်ားႀကီးေစာင့္ဆိုင္းခဲ့ရပါတယ္။ ဒီရာသီမွာ ကၽြန္ေတာ္တို႔ ႀကီးက်ယ္တဲ့အရာတစ္ခု လုပ္နိုင္ဖို႔ ေမၽွာ္လင့္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။


ဘိုလော့နာ နောက်ခံလူ ကာလာဖီအိုရီကို အာဆင်နယ် ခေါ်ယူ
=====================================
အာဆင်နယ်အသင်းဟာ ဘိုလော့နာအသင်းက အီတလီနောက်ခံလူ ကာလာဖီအိုရီကို add-on ကြေးအပါအဝင် ပေါင်(၄၂)သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ်(၃၃)ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီးနောက် အမေရိကန်မှာ အာဆင်နယ်အသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ကာလာဖီအိုရီက “ဒီကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်အများကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ကြီးကျယ်တဲ့အရာတစ်ခု လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။