


EV Express ယာဉ်ဖြင့် စတင်ပြေးဆွဲ
————————–
ရန်ကုန်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်တဲ့ မန္တလာမင်း ယာဉ်လိုင်းဟာ EV Express ယာဉ်တစ်စီး နဲ့ စတင်ပြေးဆွဲပေးနေတယ်လို့ အဲဒီယာဉ်လိုင်းကနေ သိရပါတယ်၊၊ လက်ရှိပြေးဆွဲပေးနေတဲ့ ခရီးစဉ်ကတော့ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို EV Express ယာဉ်တစ်စီးနဲ့ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး လိုက်ပါစီးနင်းမယ် ဆိုရင်တော့ တစ်ယောက်ကို ကျပ်၂ သောင်းခွဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်၊၊ အဲဒီခရီးစဉ်ရဲ့ စတင်ထွက်ခွာ ချိန်ကိုတော့ မနက် ၇ နာရီခွဲအချိန် သတ်မှတ်ထားတယ်လို့ သိရပါတယ်၊၊ EV Express ကားတွေဟာ အပူချိန် မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနဲ့ လောင်စာဆီသုံးစွဲမှုကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အတွက် ဆူညံသံကင်းပြီး ခရီးသည်တွေ ဇိမ်ကျကျ ခရီးသွားနိုင်အောင် ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း မန္တလာမင်း ယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။