




ဈေးနှုန်း

12GB + 256GB – 358 USD
12GB + 512GB – 399 USD
16GB + 512GB – 440 USD
16GB + 1TB – 495 USD

Ref : gsmarena

#DigitalTimes


Redmi K70 Ultra ဟာ တရုတ်မှာ စံချိန်တင် ရောင်းအားကောင်းနေ
=======================================

Redmi K70 Ultra ကို တရုတ်မှာ ၂၀ ရက်နေ့က ရောင်းချပေးခဲ့ပြီး ကုမ္ပဏီက ၃ နာရီအတွင်း စံချိန်တင် ရောင်းအားကောင်းခဲ့တယ်လို့ ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ ကုမ္ပဏီက ရောင်းချရတဲ့ အလုံးရေကိုတော့ မပြောပါဘူး။

Redmi K70 Ultra မှာ MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9300+ Chipset မောင်းနှင်ထားပါတယ်။ ဒါ့အပြင် အားသွင်းမြန်တဲ့ Surge P2 Chipset နဲ့ WiFi စွမ်းရည်မှာ ၁၂ ရာခိုင်နှုန်း၊ GPS မှာ ၂၀ ရာခိုင်နှုန်းနဲ့ 5G WiFi Signal Strength မှာ ၅၈ ရာခိုင်နှုန်း ပိုကောင်းတဲ့ Pengpai T1 Signal Enhancement Chip ထည့်သွင်းထားပါတယ်။

Display အကြောင်းပြောရရင် 6.67” 1.5K OLED ထည့်သွင်းထားပြီး HDR10+, Dolby Vision , 144Hz Refresh Rate, 480Hz Touch Sampling Rate နဲ့ 4,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 120W Wired Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပါတယ်။

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main, 8MP Ultrawide Angle , 2MP Macro နဲ့ အရှေ့ဘက်မှာ 20MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Android OS အခြေပြု HyperOS မောင်းနှင်ထားပြီး In-display Fingerprint Scanner ပါပါတယ်။ Ink Feather Black, Clear Snow White နဲ့ Ice Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်း

12GB + 256GB – 358 USD
12GB + 512GB – 399 USD
16GB + 512GB – 440 USD
16GB + 1TB – 495 USD

Ref : gsmarena

#DigitalTimes