ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ႐ုရွားနိုင္ငံ ဒူးမားလႊတ္ေတာ္ ဒုတိယဥကၠ႒၏ အႀကံေပး Mr.Vitality Solonetskiy ႏွင့္ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr.Alexander Ostrovskiy အား လက္ခံေတြ႕ဆုံ

ဇူလိုင္ ၂၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ႐ုရွားနိုင္ငံ ဒူးမားလႊတ္ေတာ္ ဒုတိယဥကၠ႒ H.E. Mr.Sholban Kara-Ool ၏ အႀကံေပး Mr.Vitality Solonetskiy ႏွင့္ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr.Alexander Ostrovskiy အား ယေန႔ နံနက္ ၁၁၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ၂၀၂၄ ခုႏွစ္ ဇြန္လ ၁၆ ရက္ေန႔မွ ၁၉ ရက္ေန႔ အထိ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ ဗလာဒီေဗာ့စေတာ့ခ္ၿမိဳ႕တြင္ က်င္းပခဲ့သည့္ BRICS and Partner Countries Forum သို႔ တက္ေရာက္စဥ္ လက္မွတ္ေရးထိုးခဲ့သည့္ ႏွစ္နိုင္ငံပါတီခ်င္း ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူ စာခ်ဳပ္ပါအခ်က္မ်ားကို အေကာင္ အထည္ေဖာ္ေနမႈမ်ား၊ ဆက္လက္ ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္မ်ား၊ ၂၀၂၅ ခုႏွစ္အတြင္း က်င္းပဖြယ္ရွိတဲ့ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေရြးေကာက္ပြဲ ႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဦးေအာင္စိုး၊ ဦးျမင့္ကိုကို၊ ဦးေအးလြင္ တို႔ တက္ေရာက္ခဲ့ၾကၿပီး ႐ုရွားနိုင္ငံ ဒူးမားလႊတ္ေတာ္ ဒုတိယဥကၠ႒ ၏ အႀကံေပး Mr.Vitality Solonetskiy ႏွင့္ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္း ဒုတိယဥကၠ႒ Mr.Alexander Ostrovskiy ႏွင့္ အဖြဲ႕ဝင္ ၁ ဦးတို႔တက္ေရာက္ခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ အကြံပေး Mr.Vitality Solonetskiy နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy အား လက်ခံတွေ့ဆုံ
=============================
ဇူလိုင် ၂၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ၏ အကြံပေး Mr.Vitality Solonetskiy နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy အား ယနေ့ နံနက် ၁၁၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပခဲ့သည့် BRICS and Partner Countries Forum သို့ တက်ရောက်စဉ် လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ပါအချက်များကို အကောင် အထည်ဖော်နေမှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပဖွယ်ရှိတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမြင့်ကိုကို၊ ဦးအေးလွင် တို့ တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ၏ အကြံပေး Mr.Vitality Solonetskiy နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် အဖွဲ့ဝင် ၁ ဦးတို့တက်ရောက်ခဲ့ပါသည်။