ပရိသတ္(၁၀၀၀၀၀)ဝင္ဆံ့သည့္ ကြင္းသစ္တည္ေဆာက္ရန္ မန္ယူအသင္း စီစဥ္

မန္ယူအသင္းသည္ ပရိသတ္ (၁၀၀၀၀၀) ဝင္ဆံ့သည့္ ကြင္းသစ္တည္ေဆာက္ရန္ စီစဥ္ေနၿပီး ေပါင္ (၂)ဘီလီယံတန္ စီမံကိန္းျဖစ္လာမည္ျဖစ္ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကသည္။

မန္ယူအသင္းသည္ လက္ရွိအခ်ိန္၌ ပရိသတ္(၇၀၀၀၀)ေက်ာ္ဝင္ဆံ့သည့္ နာမည္ေက်ာ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းကို အသုံးျပဳေနၿပီး သက္တမ္း (၁၁၄)ႏွစ္ရွိေနၿပီျဖစ္သည္။

မန္ယူအသင္း၏ ရွယ္ယာရွင္အသစ္ျဖစ္သူ ဆာဂ်င္ရက္ကလစ္ဖ္သည္ မန္ယူအသင္း၏ ရွယ္ယာ(၂၅%)ကို စတင္ဝယ္ယူစဥ္ကတည္းက ပရိသတ္ပိုမိုဝင္ဆံ့မည့္ ကြင္းသစ္တည္ေဆာက္သြားရန္ ရည္ရြယ္ထားခဲ့ျခင္းျဖစ္သည္။

ယခုအခါ အဆိုပါကြင္းသစ္ စီမံကိန္းကို ယခုႏွစ္ကုန္၌ အတည္ျပဳေၾကညာၿပီး ၂၀၃၀ ခုႏွစ္တြင္ အၿပီးသတ္တည္ေဆာက္သြားရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့ျခင္းျဖစ္သည္။

မန္ယူအသင္းတာဝန္ရွိသူမ်ားအေနျဖင့္ လက္ရွိအခ်ိန္၌ ရီးယဲလ္အသင္း၏ ဘာေနဗ်ဴးကြင္းကဲ့သို႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းအား အဆင့္ျမႇင့္တည္ေဆာက္ရန္ သို႔မဟုတ္ အျခားေနရာ၌ ကြင္းသစ္တည္ေဆာက္ရန္ တစ္ခုခုကို ဆုံးျဖတ္ေရြးခ်ယ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ကၽြမ္းက်င္သူမ်ား၏ ခန႔္မွန္းတြက္ခ်က္မႈအရ ကြင္းအသစ္ တည္ေဆာက္မည္ဆိုပါက ေပါင္(၁.၂)ဘီလီယံဝန္းက်င္သာ ကုန္က်မည္ျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ျပန္လည္ျပင္ဆင္တည္ေဆာက္မည္ဆိုပါက ေပါင္(၂)ဘီလီယံဝန္းက်င္ ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္ရမည္ျဖစ္ၿပီး ေပါင္(၂)ဘီလီယံတန္ စီမံကိန္းျဖစ္လာရန္ အလားအလာမ်ားေၾကာင္း သုံးသပ္ေနၾကသည္။


ပရိသတ်(၁၀၀၀၀၀)ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် မန်ယူအသင်း စီစဉ်
=================
မန်ယူအသင်းသည် ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေပြီး ပေါင် (၂)ဘီလီယံတန် စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် လက်ရှိအချိန်၌ ပရိသတ်(၇၀၀၀၀)ကျော်ဝင်ဆံ့သည့် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ်ကွင်းကို အသုံးပြုနေပြီး သက်တမ်း (၁၁၄)နှစ်ရှိနေပြီဖြစ်သည်။

မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာ(၂၅%)ကို စတင်ဝယ်ယူစဉ်ကတည်းက ပရိသတ်ပိုမိုဝင်ဆံ့မည့် ကွင်းသစ်တည်ဆောက်သွားရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါကွင်းသစ် စီမံကိန်းကို ယခုနှစ်ကုန်၌ အတည်ပြုကြေညာပြီး ၂၀၃၀ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်းကဲ့သို့ အိုးလ်ထရက်ဖို့ဒ်ကွင်းအား အဆင့်မြှင့်တည်ဆောက်ရန် သို့မဟုတ် အခြားနေရာ၌ ကွင်းသစ်တည်ဆောက်ရန် တစ်ခုခုကို ဆုံးဖြတ်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းတွက်ချက်မှုအရ ကွင်းအသစ် တည်ဆောက်မည်ဆိုပါက ပေါင်(၁.၂)ဘီလီယံဝန်းကျင်သာ ကုန်ကျမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဆိုပါက ပေါင်(၂)ဘီလီယံဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး ပေါင်(၂)ဘီလီယံတန် စီမံကိန်းဖြစ်လာရန် အလားအလာများကြောင်း သုံးသပ်နေကြသည်။