ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၃၀)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဇူလိုင္ ၂၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၀)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယမန္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္ အမႈေဆာင္ ဦးေအာင္စိုး၊ ဦးျမင့္ကိုကို၊ နိုင္ငံတကာေရးရာေကာ္မတီတြင္ တြဲဖက္တာဝန္ထမ္းေဆာင္ေနေသာ ဦးေဝယံေက်ာ္စြာဟိန္း၊ ေဒၚနန္းျမျမမီမီေဇာ္ တို႔မွ “မ်က္ေမွာက္နိုင္ငံတကာေရးရာႏွင့္ ျမန္မာနိုင္ငံ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ရာ တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈ ေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးခဲ့ပါသည္။
ထိုေနာက္ အေထြေထြအတြင္းေရးမႉး ႏွင့္ ဒုတိယဥကၠ႒ တို႔မွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းႏွင့္ သုံးသပ္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အေနျဖင့္ “အာရွနိုင္ငံမ်ားႏွင့္ ကမၻာ့နိုင္ငံအခ်ိဳ႕တို႔၏ ေရြးေကာက္ပြဲမ်ားႏွင့္ စနစ္မ်ား၊ ICAPP အဖြဲ႕အစည္းလႈပ္ရွားေဆာင္ရြက္မႈကိစၥရပ္မ်ား၊ မိမိတို႔ပါတီႏွင့္ အျခားနိုင္ငံမ်ားမွ ပါတီမ်ားႏွင့္ဆက္သြယ္ေဆာင္ရြက္ေနမႈမ်ား” အား ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္ စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ အေထြေထြ အတြင္း ေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္း ေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၃၀)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဇူလိုင် ၂၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၀)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်စိုး၊ ဦးမြင့်ကိုကို၊ နိုင်ငံတကာရေးရာကော်မတီတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော ဦးဝေယံကျော်စွာဟိန်း၊ ဒေါ်နန်းမြမြမီမီဇော် တို့မှ “မျက်မှောက်နိုင်ငံတကာရေးရာနှင့် မြန်မာနိုင်ငံ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှု ဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထိုနောက် အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယဥက္ကဋ္ဌ တို့မှ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အနေဖြင့် “အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တို့၏ ရွေးကောက်ပွဲများနှင့် စနစ်များ၊ ICAPP အဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်မှုကိစ္စရပ်များ၊ မိမိတို့ပါတီနှင့် အခြားနိုင်ငံများမှ ပါတီများနှင့်ဆက်သွယ်ဆောင်ရွက်နေမှုများ” အား ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေ အတွင်း ရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်း ရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။