ေရြးေကာက္ပြဲေအာင္နိုင္ေရးသည္ ပါတီအတြက္ အေရးႀကီးဆုံးလုပ္ငန္းရပ္ျဖစ္ေသာ္လည္း “ နိုင္ငံေရးႏွင့္ နိုင္ငံ့အေရးယွဥ္လာလၽွင္ နိုင္ငံ့အေရးသည္ ဦးစားေပး(၁) ျဖစ္သည္ “ ဟု ခံယူေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠဌ ေျပာၾကား

ပဲခူး ဇူလိုင္ ၂၅
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းသည္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း ၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) တိုင္းပါတီဥကၠ႒ ဦးရဲျမင့္ထြန္း တို႔ႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္ေန႔တြင္ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ခရိုင္/ၿမိဳ႕နယ္တာဝန္ရွိသူမ်ားက နယ္ေျမေဒသ အေျခအေနမ်ားႏွင့္ပတ္သက္၍ တင္ျပေဆြးေႏြးခဲ့ၾကၿပီး ပါတီဗဟိုအလုပ္ အမႈေဆာင္ႏွင့္တိုင္းပါတီဥကၠ႒တို႔မွလည္း လိုအပ္သည္မ်ား ျဖည့္စြက္ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပါတီဒုတိယဥကၠ႒သည္ အစည္းအေဝးသို႔တက္ေရာက္လာၾကေသာ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္အျပန္အလွန္ညႇိႏွိုင္း‌ ေဆြးေႏြးခဲ့ၿပီး လိုအပ္သည့္အခ်က္မ်ား ျဖည့္စြက္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။


ရွေးကောက်ပွဲအောင်နိုင်ရေးသည် ပါတီအတွက် အရေးကြီးဆုံးလုပ်ငန်းရပ်ဖြစ်သော်လည်း “ နိုင်ငံရေးနှင့် နိုင်ငံ့အရေးယှဉ်လာလျှင် နိုင်ငံ့အရေးသည် ဦးစားပေး(၁) ဖြစ်သည် “ ဟု ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ပြောကြား
=====================
ပဲခူး ဇူလိုင် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တိုင်းပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း တို့နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်တာဝန်ရှိသူများက နယ်မြေဒေသ အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုအလုပ် အမှုဆောင်နှင့်တိုင်းပါတီဥက္ကဋ္ဌတို့မှလည်း လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌသည် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်အပြန်အလှန်ညှိနှိုင်း‌ ဆွေးနွေးခဲ့ပြီး လိုအပ်သည့်အချက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။