အေရွ႕အာရွလူငယ္ စစ္တုရင္ၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳ ဝင္ၿပိဳင္သည့္ မင္းအမရာဝတီ တတိယဆုရရွိ

(၈)ႀကိမ္ေျမာက္ အေရွ႕အာရွလူငယ္ စစ္တုရင္ၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ မမင္းအမရာဝတီမွာ အမ်ိဳးသမီးအသက္ (၁၄) ႏွစ္ေအာက္ စစ္တုရင္ၿပိဳင္ပြဲတြင္ တတိယဆုရရွိခဲ့ေၾကာင္း သိရသည္။
မ မင္းအမရာဝတီမွာ မေလးရွားနိုင္ငံတြင္ ဇူလိုင္လ (၁၂) ရက္မွ (၂၁)ရက္အထိ က်င္းပျပဳလုပ္ခဲ့သည့္ (၈) ႀကိမ္ေျမာက္ အေရွ႕အာရွ လူငယ္စစ္တုရင္ၿပိဳင္ပြဲ၌ ဝင္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သူမအေနျဖင့္ ၿပိဳင္ပြဲတြင္ (၁၅)မိနစ္ Rapid၊ (၃) မိနစ္ အျမန္ Blitz ၊ ပုံမွန္ တစ္ဖက္ တစ္နာရီခြဲ standard ပြဲ စသျဖင့္ အမ်ိဳးအစား (၃) မ်ိဳး ယွဥ္ၿပိဳင္ခဲ့ၿပီး ယင္း(၃)ပြဲအနက္ ဆု (၂)ခု ရရွိခဲ့ျခင္းျဖစ္သည္။
မ မင္းအမရာဝတီသည္ ယခုႏွစ္ ဩဂုတ္လအတြင္း အသက္ (၁၃)ျပည့္မည္ျဖစ္ၿပီး စစ္တုရင္ကို အထူးအာ႐ုံစိုက္ ေလ့လာ သင္ယူခဲ့သူ တစ္ဦးျဖစ္သည္။


အရှေ့အာရှလူငယ် စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်သည့် မင်းအမရာဝတီ တတိယဆုရရှိ
==========
(၈)ကြိမ်မြောက် အရှေ့အာရှလူငယ် စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မမင်းအမရာဝတီမှာ အမျိုးသမီးအသက် (၁၄) နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ကြောင်း သိရသည်။
မ မင်းအမရာဝတီမှာ မလေးရှားနိုင်ငံတွင် ဇူလိုင်လ (၁၂) ရက်မှ (၂၁)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် အရှေ့အာရှ လူငယ်စစ်တုရင်ပြိုင်ပွဲ၌ ဝင်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် ပြိုင်ပွဲတွင် (၁၅)မိနစ် Rapid၊ (၃) မိနစ် အမြန် Blitz ၊ ပုံမှန် တစ်ဖက် တစ်နာရီခွဲ standard ပွဲ စသဖြင့် အမျိုးအစား (၃) မျိုး ယှဉ်ပြိုင်ခဲ့ပြီး ယင်း(၃)ပွဲအနက် ဆု (၂)ခု ရရှိခဲ့ခြင်းဖြစ်သည်။
မ မင်းအမရာဝတီသည် ယခုနှစ် ဩဂုတ်လအတွင်း အသက် (၁၃)ပြည့်မည်ဖြစ်ပြီး စစ်တုရင်ကို အထူးအာရုံစိုက် လေ့လာ သင်ယူခဲ့သူ တစ်ဦးဖြစ်သည်။