တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ခဲ့သည့္ ျပည္ခိုင္ၿဖိဳး ပါတီမွဒုတိယ ဥကၠ႒ဦးလွထြန္းဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ ျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္ ဇူလိုင္ ၂၇
တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံသို႔ ေလ့လာေရးခရီး သြားေရာက္ခဲ့သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီမွဒုတိယဥကၠ႒ဦးလွထြန္း ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕သည္ ၂၇-၇-၂၀၂၄ရက္ေန႔ မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ေရာက္ရွိၾကရာ ​ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ ပါတီတာဝန္ရွိသူမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
အဆိုပါ ေလ့လာေရးခရီးစဥ္အတြင္း ကိုယ္စားလွယ္အဖြဲ႕သည္ ေက်းလက္ေဒသဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈေလၽွာ့ခ်ေရး ေဆာင္ရြက္ေနမႈ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္းဖြံ့ၿဖိဳးတိုးတက္ေရး ေဆာင္ရြက္ေနမႈ၊ တ႐ုတ္-ေတာင္အာရွ ကုန္စည္ျပပြဲ၊ တ႐ုတ္-ကူမင္း သြင္းကုန္၊ ပို႔ကုန္ကုန္စည္ျပပြဲ၊ တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ မ်ိဳးႏြယ္စုဆိုင္ရာ မူဝါဒခ်မွတ္မႈဆိုင္ရာ ေဆြးေႏြးပြဲ၊ ယူနန္ျပည္နယ္ မဟာလၽွပ္စစ္ဓာတ္အားလိုင္း ကြန္ရက္တည္ေဆာက္မႈအေျခအေနမ်ားႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ျပတိုက္တို႔သို႔ သြားေရာက္ၾကည့္ရႈေလ့လာေဆြးေႏြးခဲ့ၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၏ ယဥ္ေက်းမႈဓေလ့ထုံးစံမ်ားအပါအဝင္ အထင္ကရေနရာမ်ားသို႔ သြားေရာက္ေလ့လာခဲ့ၾကေၾကာင္း သိရသည္။


တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီမှဒုတိယ ဥက္ကဋ္ဌဦးလှထွန်းဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
============================
နေပြည်တော် ဇူလိုင် ၂၇
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဒုတိယဥက္ကဋ္ဌဦးလှထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ၂၇-၇-၂၀၂၄ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ ​ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ တရုတ်-ကူမင်း သွင်းကုန်၊ ပို့ကုန်ကုန်စည်ပြပွဲ၊ တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုဆိုင်ရာ မူဝါဒချမှတ်မှုဆိုင်ရာ ဆွေးနွေးပွဲ၊ ယူနန်ပြည်နယ် မဟာလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်မှုအခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီ ပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာဆွေးနွေးခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအပါအဝင် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။