ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အပတ္စဥ္ Book Review Section ျပဳလုပ္

ဇူလိုင္ ၂၅ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးမွ ႀကီးမႉး၍ အပတ္စဥ္ျပဳလုပ္ေသာ စာဖတ္ရွိန္ျမႇင့္တင္ေရး အစီအစဥ္တစ္ရပ္ျဖစ္သည့္ Book Review Section ကို ယမန္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္ေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးမ်ားႏွင့္ ဒုတိယဌာနမႉးမ်ား၊ စာအုပ္စာေပ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ၾကပါသည္။
အဆိုပါအစီအစဥ္တြင္ ဌာနမႉး ဦးျမင့္ေအာင္မွ “ျမန္မာနိုင္ငံတြင္ ေျပာင္းလဲက်င့္သုံးမည့္ အခ်ိဳးက် ကိုယ္စားျပဳစနစ္” စာအုပ္၊ ဒုတိယဌာနမႉး ဦးျမဝင္းမွ “အၾကမ္းဖက္အႏၲရာယ္ႏွင့္ ျမန္မာ့အနာဂတ္” စာအုပ္တို႔ႏွင့္ပတ္သက္ၿပီး ရွင္းလင္းေဆြးေႏြးၾကရာ တက္ေရာက္လာၾကသူမ်ားမွ ေဆြးေႏြးအႀကံျပဳခဲ့ၾကပါသည္။
၎ေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ပါတီဥကၠ႒ ဦးခင္ရီတို႔မွ ေဆြးေႏြးသည့္စာအုပ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း သုံးသပ္ေဆြးေႏြးကာ လိုအပ္သည္မ်ားမွာၾကားခဲ့ၿပီး ဦးေဆာင္ေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ားေပးအပ္ခဲ့ပါသည္။ ထို႔ေနာက္ပါတီဗဟိုအတြင္း ေရးမႉး ဦးသူရိန္ေဇာ္မွ ပါတီဌာနခ်ဳပ္စာၾကည့္ တိုက္သို႔ စာအုပ္မ်ားလႉဒါန္းရာ ဗဟိုအတြင္းေရး မႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးမွ လက္ခံယူခဲ့ၿပီး Book Review Section ကို ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် Book Review Section ပြုလုပ်
=================================
ဇူလိုင် ၂၅ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးမှ ကြီးမှူး၍ အပတ်စဉ်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် Book Review Section ကို ယမန်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်အေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ စာအုပ်စာပေ စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။
အဆိုပါအစီအစဉ်တွင် ဌာနမှူး ဦးမြင့်အောင်မှ “မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြုစနစ်” စာအုပ်၊ ဒုတိယဌာနမှူး ဦးမြဝင်းမှ “အကြမ်းဖက်အန္တရာယ်နှင့် မြန်မာ့အနာဂတ်” စာအုပ်တို့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
၎င်းနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီတို့မှ ဆွေးနွေးသည့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များမှာကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ခဲ့ပါသည်။ ထို့နောက်ပါတီဗဟိုအတွင်း ရေးမှူး ဦးသူရိန်ဇော်မှ ပါတီဌာနချုပ်စာကြည့် တိုက်သို့ စာအုပ်များလှူဒါန်းရာ ဗဟိုအတွင်းရေး မှူး ဒေါက်တာကျော်ကျော်ဌေးမှ လက်ခံယူခဲ့ပြီး Book Review Section ကို ရုတ်သိမ်းခဲ့ပါသည်။