ေဆာ္ဒီပရိုလိဂ္၌ လစာအမ်ားဆုံးရရွိေနတဲ့ စီေရာ္နယ္လ္ဒို

နာမည္ေက်ာ္ ေပၚတူဂီဝါရင့္တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုသည္ ေဆာ္ဒီပရိုလိဂ္ၿပိဳင္ပြဲတြင္ လစာအမ်ားဆုံးရရွိသည့္ကစားသမားအျဖစ္ ရပ္တည္ေနၿပီး ဒုတိယေနရာတြင္ ပူးတြဲရပ္တည္ေနၾကသည့္ ဘန္ဇီမာႏွင့္ ေနမာတို႔ထက္ (၂) ဆပိုမ်ားေနေၾကာင္း သိရွိရသည္။

အသက္ (၃၉) ႏွစ္ေက်ာ္ၿပီျဖစ္သည့္ စီေရာ္နယ္လ္ဒိုသည္ ၂၀၂၃ ဇန္နဝါရီတြင္ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းသို႔ အံ့အားသင့္ဖြယ္ ေျပာင္းေရႊ႕ခဲ့သည္။

အယ္လ္နာဆာအသင္းသို႔ စီေရာ္နယ္လ္ဒို ေရာက္ရွိလာၿပီးေနာက္ ေဆာ္ဒီပရိုလိဂ္ကလပ္အသင္းမ်ားသည္ ကမၻာေက်ာ္ကစားသမားမ်ားကို ေခၚယူခဲ့သည္။

Capology က လာမည့္ ၂၀၂၄-၂၅ ရာသီ ေဆာ္ဒီပရိုလိဂ္၌ လစာအမ်ားဆုံးရကစားသမား (၁၀)ဦးကို ေဖာ္ျပခဲ့ရာ အယ္လ္နာဆာတိုက္စစ္မႉး စီေရာ္နယ္လ္ဒိုက တစ္ႏွစ္လစာ ယူရိုသန္း (၂၀၀) ျဖင့္ ထိပ္ဆုံး၌ ရပ္တည္ေနၿပီး ဒုတိယေနရာတြင္ တစ္ႏွစ္လစာ ယူရိုသန္း (၁၀၀)စီ ျဖင့္ ပူးတြဲရပ္တည္ေနၾကသည့္ အယ္လ္အစ္တီဟတ္တိုက္စစ္မႉး ဘန္ဇီမာႏွင့္ အယ္လ္ဟီလာတိုက္စစ္မႉး ေနမာတို႔ထက္ (၂) ဆပိုမ်ားေနျခင္းျဖစ္သည္။

စတုတၳေနရာတြင္ အယ္လ္အာလီေတာင္ပံကစားသမား မာရက္ဇ္က တစ္ႏွစ္လစာ ယူရို (၅၂.၅)သန္းျဖင့္ ရပ္တည္ေနၿပီး ပဥၥမေနရာတြင္ အယ္လ္နာဆာတိုက္စစ္ကစားသမား မာေနက တစ္ႏွစ္လစာ ယူရိုသန္း (၄၀) ျဖင့္ ရပ္တည္ေနသည္။

မာေန၏ေနာက္တြင္ ကူလီဘာလီ၊ မီထရိုဗစ္၊ မီလင္ကိုဗစ္၊ ကြန္ေတႏွင့္ လာေပါ့တ္တို႔က အဆင့္(၅)မွ အဆင့္ (၁၀) အတြင္း အစဥ္လိုက္ရပ္တည္ေနၾကေၾကာင္း သိရသည္။

ေဆာ္ဒီလိဂ္တြင္ လစာအမ်ားဆုံးရ (၁၀) ဦး

အမည္ အသင္း တစ္ႏွစ္လစာ

စီေရာ္နယ္လ္ဒို အယ္လ္နာဆာ ယူရိုသန္း ၂၀၀

ဘန္ဇီမာ အယ္လ္အစ္တီဟတ္ ယူရိုသန္း ၁၀၀

ေနမာ အယ္လ္ဟီလာ ယူရိုသန္း ၁၀၀

မာရက္ဇ္ အယ္လ္အာလီ ယူရို ၅၂.၅ သန္း

မာေန အယ္လ္နာဆာ ယူရိုသန္း ၄၀

ကူလီဘလီ အယ္လ္ဟီဟာ ယူရို ၃၄.၇ သန္း

မီထရိုဗစ္ အယ္လ္ဟီလာ ယူရို ၂၅ သန္း

မီလင္ကိုဗစ္ အယ္လ္ဟီလာ ယူရို ၂၅ သန္း

ကြန္ေတ အယ္လ္အစ္တီဟတ္ ယူရို ၂၅ သန္း

လာေပါ့တ္ အယ္လ္နာဆာ ယူရို ၂၄.၅ သန္း


ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရရှိနေတဲ့ စီရော်နယ်လ်ဒို
======================
နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် လစာအများဆုံးရရှိသည့်ကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာတွင် ပူးတွဲရပ်တည်နေကြသည့် ဘန်ဇီမာနှင့် နေမာတို့ထက် (၂) ဆပိုများနေကြောင်း သိရှိရသည်။

အသက် (၃၉) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သည်။

အယ်လ်နာဆာအသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။

Capology က လာမည့် ၂၀၂၄-၂၅ ရာသီ ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရကစားသမား (၁၀)ဦးကို ဖော်ပြခဲ့ရာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒိုက တစ်နှစ်လစာ ယူရိုသန်း (၂၀၀) ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာတွင် တစ်နှစ်လစာ ယူရိုသန်း (၁၀၀)စီ ဖြင့် ပူးတွဲရပ်တည်နေကြသည့် အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘန်ဇီမာနှင့် အယ်လ်ဟီလာတိုက်စစ်မှူး နေမာတို့ထက် (၂) ဆပိုများနေခြင်းဖြစ်သည်။

စတုတ္ထနေရာတွင် အယ်လ်အာလီတောင်ပံကစားသမား မာရက်ဇ်က တစ်နှစ်လစာ ယူရို (၅၂.၅)သန်းဖြင့် ရပ်တည်နေပြီး ပဥ္စမနေရာတွင် အယ်လ်နာဆာတိုက်စစ်ကစားသမား မာနေက တစ်နှစ်လစာ ယူရိုသန်း (၄၀) ဖြင့် ရပ်တည်နေသည်။

မာနေ၏နောက်တွင် ကူလီဘာလီ၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ကွန်တေနှင့် လာပေါ့တ်တို့က အဆင့်(၅)မှ အဆင့် (၁၀) အတွင်း အစဉ်လိုက်ရပ်တည်နေကြကြောင်း သိရသည်။

ဆော်ဒီလိဂ်တွင် လစာအများဆုံးရ (၁၀) ဦး

အမည် အသင်း တစ်နှစ်လစာ

စီရော်နယ်လ်ဒို အယ်လ်နာဆာ ယူရိုသန်း ၂၀၀

ဘန်ဇီမာ အယ်လ်အစ်တီဟတ် ယူရိုသန်း ၁၀၀

နေမာ အယ်လ်ဟီလာ ယူရိုသန်း ၁၀၀

မာရက်ဇ် အယ်လ်အာလီ ယူရို ၅၂.၅ သန်း

မာနေ အယ်လ်နာဆာ ယူရိုသန်း ၄၀

ကူလီဘလီ အယ်လ်ဟီဟာ ယူရို ၃၄.၇ သန်း

မီထရိုဗစ် အယ်လ်ဟီလာ ယူရို ၂၅ သန်း

မီလင်ကိုဗစ် အယ်လ်ဟီလာ ယူရို ၂၅ သန်း

ကွန်တေ အယ်လ်အစ်တီဟတ် ယူရို ၂၅ သန်း

လာပေါ့တ် အယ်လ်နာဆာ ယူရို ၂၄.၅ သန်း