မေအာင္ျမင္တဲ့ ထရမ့္လုပ္ႀကံခံရမႈအတြက္ အေမရိကန္ အထူးတပ္ဖြဲ႕ေခါင္းေဆာင္ႏႈတ္ထြက္

အေမရိကန္သမၼတေဟာင္း Donald Trump ကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈအၿပီးတြင္ အေမရိကန္ အထူးတပ္ဖြဲ႕(secret service)၏ ညႊန္ၾကားေရးမႉး Kimberly Cheatle ရာထူးမွ ႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။

မေအာင္ျမင္သည့္ လုပ္ႀကံမႈအၿပီးတြင္ ရီပတ္ဘလီကန္ႏွင့္ ဒီမိုကရက္တစ္လႊတ္ေတာ္အမတ္မ်ားမွ Cheatle အား လႊတ္ေတာ္ၾကားနာမႈအၿပီးတြင္ ရာထူးမွႏႈတ္ထြက္ရန္ ဝိုင္းဝန္းေတာင္းဆိုခဲ့ၾကသည္။

Cheatle က “မၾကာေသးခင္က ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္ေတြေၾကာင္ ဒီရာထူးက ႏႈတ္ထြက္ဖို႔ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ကို ငါခ်ခဲ့တယ္”ဟုဆိုသည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က လစ္လပ္သြားသည့္ Cheatle ေနရာအတြက္ ေခါင္းေဆာင္တစ္ဦးကို မၾကာခင္ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။


မအောင်မြင်တဲ့ ထရမ့်လုပ်ကြံခံရမှုအတွက် အမေရိကန် အထူးတပ်ဖွဲ့ခေါင်းဆောင်နှုတ်ထွက်
=====================

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် အမေရိကန် အထူးတပ်ဖွဲ့(secret service)၏ ညွှန်ကြားရေးမှူး Kimberly Cheatle ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

မအောင်မြင်သည့် လုပ်ကြံမှုအပြီးတွင် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ်လွှတ်တော်အမတ်များမှ Cheatle အား လွှတ်တော်ကြားနာမှုအပြီးတွင် ရာထူးမှနှုတ်ထွက်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

Cheatle က “မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင် ဒီရာထူးက နှုတ်ထွက်ဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ငါချခဲ့တယ်”ဟုဆိုသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လစ်လပ်သွားသည့် Cheatle နေရာအတွက် ခေါင်းဆောင်တစ်ဦးကို မကြာခင် ခန့်အပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။